ပြည်သူ့အချစ်တော် မင်းသားတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးဟာ ပရိသတ်တွေကို မေးခွန်းလေးတစ်ခုထုတ်လိုက်ပါတယ်..။ ဖြေနိုင်ရင် ဆရာခေါ်ပါမယ်လို့လည်း ပြောထားတာ တွေ့ရပါတယ်..။ ရင်ဘတ်ထဲက ဓား ဇာတ်ဝင်ခန်းတစ်ခုနဲ့ ပတ်သက်ပြီး အပျော်သဘောလေး ပဟေဠိထုတ်လိုက်တာ ဖြစ်ပါတယ်..။ ဒီနေ့ နိုဝင်ဘာ(၅)ရက်နေ့မှာ မေးခွန်းလေးကို ဖြေနိုင်ရင်ဆရာခေါ်မယ့်အကြောင်းကို ပြေတီဦးက သူအသုံးပြုတဲ့ fb စာမျက်နှာ ရေးသားထားတာ ဖြစ်ပါတယ်..။ အဲ့ဒီပဟေဠိလေးကိုတော့ ပြေတီဦးက အခုလိုပဲ မေးထားတာ တွေ့ရပါတယ်..။

" ကိုကြည့်ပြီးတော့ တစ်ချို့ ပရိသတ်တွေက မေးကြတယ်...

ဇာတ်သိမ်းမှာ မခိုင်ကြီး စိတ်ပူပြီး အဝေးဆီ လိုက်လာတော့ အိမ်တံခါးကြီး ဘာလို့ပွင့်နေတာလဲတဲ့..

ကြည့်ပြီးတဲ့ ပရိသတ်တွေထဲမှာ အဖြေကိုသိတဲ့သူရှိပါလား.

သိတဲ့သူရှိရင် အရမ်းတော်လို့ ဆရာခေါ်ပါမယ်..။

စဉ်းစားကြည့်ကြပါဦးနော်... ပျော်စရာကောင်းပါတယ်...” လို့ ကအပျော်သဘောလေး မေးထားတာ ဖြစ်ပါတယ်..။ ပျော်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးကို “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတဲ့ ပရိသတ်တွေနဲ့ အတူတူ ဖြေကြည့်ရအောင်လား.. ပရိသတ်ကြီး..

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားဟာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှု များစွာရရှိပြီး အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်..။ အားပေးကြည့်ရှု့မှုအတွက်လည်း ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်က သူတို့ရဲ့ ကြိုးစားခဲ့တဲ့ ဇာတ်ကားကို ပရိသတ်တွေရဲ့ တခဲနက် အားပေးကြည့်ရှု့မှုအတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်စကားများ ပြောထားတာ တွေ့ရပါတယ်..။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားဟာ ပြည်သူ့အချစ်တော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင် အကယ်ဒမီရမယ်လို့လည်း ခန့်မှန်းမှုများစွာရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။