ရုံမတင်ခင်မှာတင် ပွဲဆူနေတဲ့ ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဆောင်မင်းသားမင်းသမီးတွေဖြစ်တဲ့ ပြေတီဦး နဲ့ အူဝဲ တို့ဇနီးမောင်နှံ ဇာတ်ရုပ်ပီပြင်လွန်းသလို မမကြူနေရာက ပါ၀င်သရုပ်ဆောင်ထားတဲ့ မြတ်ကေသီအောင်ကလည်း သဘာဝကျကျသရုပ်ဆောင်ထားပါတယ်။

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်သလို အကယ်ဒမီရရှိထားပြီးသား မြတ်ကေသီအောင် တစ်ချိန်က ဒွေး တို့ခေတ်ထဲက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ အတူတူသရုပ်ဆောင်ခဲ့သလို ယနေ့မှာတော့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ် ပါ၀င်နေရပါတယ်။

သဏ္ဍန်လုပ်သရုပ်တူ လွန်းတဲ့ သူမရဲ့ ဇာတ်ရုပ်ကတော့ ရင်ဘတ်ထဲကဓားမှာ မမကြူ အဖြစ် ပါငင်သရုပ်ဆောင်ထားပြီး လူမုန်းခံဇာတ်ရုပ်အသွင်ပြောင်းသွားတာဖြစ်ပါတယ်။ ဗီလိန်ပုံစံမျိုး သရုပ်ဆောင်ပီပြင်တာကြောင့် ပရိသတ်တွေကတော့ မမကြူကို မုန်းနေကြပြီး အပြင်လက်တွေ့ဘဝက မြတ်ကေသီအောင် ကိုပါ မုန်းသွားမလားပါပဲ။

၀ါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့အတွက် အထွေအထူးလိုအပ်ချက်မရှိပဲ အကောင်းဆုံးသရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကြီးကို ဒုတိယအကြိမ်အဖြစ် ရုံတင်ပြသဦးမယ်လို့ သိရပါတယ်။

ကဲ ပရိသတ်ကြီးရေ မြတ်ကေသီအောင် ကိုချစ်သေးရဲ့လား။ 

Source : ရင္ဘတ္ထဲက ဓား fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။