Result Show ကို စတင် အသက်သွင်းတဲ့အနေနဲ့ Group Song ကို ပြိုင်ပွဲဝင် ရဦးမှ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုသွားခဲ့ပါတယ်။ Result ကို သိရတဲ့အခါ ပြိုင်ပွဲဝင်ထဲမှ တစ်ယောက်က မဖြစ်မနေ အိမ်ပြန်နှုတ်ဆက်ရမှာကတော့ စိတ်မကောင်းစရာပါ။

ဧည့်သည်အဆိုတော် ပိုပိုဟေသာ မှ “နား” နှင့် “လွမ်းဖျားငွေ့ငွေ့” သီချင်းနှစ်ပုဒ်အား သီဆိုဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင်များကိုလည်း အားပေးစကားများ ပြောကြားခဲ့ပါတယ်။ ထို့နောက် ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်များအား စင်မြင့်ထက်သို့ ဖိတ်ကြားပြီးနောက် Result တွေကို ကြေငြာခဲ့ပါတယ်။ 

ပထမဦးဆုံး ပြိုင်ပွဲဝင် တစ်ယောက်အနေနဲ့ မယ်လိုဒီခေါင် မှ နောက်တစ်ဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ထို့နောက် Oxygen ၊ G Mine Nar ၊ David Derrick ၊ ကျော်ဇင်သန့် တို့အား ထပ်မံကြေငြာခဲ့ပြီး နောက်ထပ်တစ်ဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးကို သူတို့ အားလုံးမှ ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက်ကတော့ Purity နှင့် ယမုံတို့မှ Bottom ထိုင်ခဲ့ရပြီး Purity က “This is me” သီချင်းကို သီဆိုခဲ့ပြီး ယမုံကတော့ “ချစ်ခြင်းကို မခွဲပါနဲ့” သီချင်း ကို ခံစားချက် အပြည့်နဲ့ သီဆိုသွားခဲ့ပါတယ်။ သူတို့ ၂ယောက်လုံးအတွက် Sing off အနေအထားဖြစ်ခဲ့ တာမို့ ရင်ခုန်စိတ်လှုပ်ရှားနေမယ်ဆိုတာ အမှန်ပါပဲ။  

စည်သူလွင်၊ ဇဝါနှင့် ငယ်ငယ်တို့မှ အိမ်ပြန်မဲ့သူကို Purity ကို ရွေးချယ်ခဲ့ပြီး ဇမ်နူး မှ ယမုံကို အိမ်ပြန်လွှတ်ဖို့ ရွေးချယ်ခဲ့တာမို့ ဒိုင်တွေရဲ့ ရွေးချယ်မှုအရ ပြိုင်ပွဲဝင် ယမုံ က နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်မဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရတာကတော့ Purity ပဲ ဖြစ်ပါတယ်။ အားလုံးကို နှုတ်ဆက်သွားရတယ် ဆိုပေမဲ့ ပရိတ်သတ်တွေက အမြဲတမ်း မှတ်မိနေမှာပါ Purity ရေ …

နောက်တစ်ပတ်မှာတော့ ပြိုင်ပွဲဝင် ၆ ယောက်က အန်ကယ်ပလေးဘွိုင်း သန်းနိုင်ရဲ့ သီချင်းများကို သီဆိုယှဉ်ပြိုင်ရင်း Artist Theme ကို ပုံဖော်တင်ဆက်မှာဖြစ်တာကြောင့် ပရိတ်သတ်ကြီးများကလည်း မျှော်လင့်စောင့်စားရင်း အားပေးကြပါဦးလို့ … အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။