မင်းသားနေမင်းတစ်ယောက် လပြည့်နေ့မှာစတုဒီသာအလှူပြုပြီးကုသိုလ်ယူခဲ့ပါတယ်။ ၃၅ လမ်းမှာ လုပ်နေတာဖြစ်ပြီး စားသုံးသူပရိတ်သတ်မျးကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို လာ ရောက် အားပေးနေ ကြတာပဲဖြစ်လို့ ပျော်စရာကောင်းတဲ့အလှူပွဲကြီးတစ်ခုဖြစ်သွားတာပေါ့ ပရိတ်သတ်ကြီးရေ။ ပဲကုလား ဟင်းအိုးကြီးနဲ့ ထမင်းနဲ့ စားချင်စရာကြီးမို့ လာရောက်သူတွေက လည်း မနည်းမနောပါပဲ။ မင်းသား နေ မင်းဟာဆိုရင် Video ဇာတ်ကားတွေ ဆက်တိုက် ရိုက် ကူးနေရတဲ့ အောင်မြင်တဲ့မင်းသား တစ်ယောက် ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက် ကူးနေတဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိတ်သတ်အများအပြားရရှိထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ အဆင်ပြေပြေလျှော က်လှမ်းနေတဲ့ Celebrity တစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက Facebook ပေါ်မှာ မင်းသားရဲ့အသံ နဲ့ပက်သက်လို့ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။ ရုပ်ရှင်ရိုက်ကူးရာ မှာ မင်းသားနေမင်းရဲ့အသံဟာ တိုးတိမ် နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Troller တွေက စနောက်ပြီး Troll ခဲ့ကြပါသေးတယ်။ ဒီအကြောင်း အရာနဲ့ပက်သက်လို့ နေမင်းက Interview တစ်ခုမှာ သူအသံကျယ်ကျယ်ထွက်နိုင်အောင် ကြိုးစား နေပါတယ်လို့ ရယ်ရယ်မောမောနဲ့ ဖြေကြားထားပါသေးတယ်။

နေမင်းရဲ့စတုဒီယာအလှူကတော့ တကယ့်ကိုမြိုင်မြိုင်ဆိုင်ဆိုင်ကြီးမို့ ပျော်စရာကြီးပါ ပရိတ် သတ်ကြီးရေ။ အလှူမစခင်မှာပဲစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးကိုကြည့်ပြီး တကယ့်ကို လှူ ချင်စဖွယ်ကြီးပါပဲ။ ပရိတ်သတ်ချစ်တဲ့ မင်းသားမို့ ပရိတ်သတ်ကိုချစ်ခြင်း တုန့်ပြန်သောအားဖြင့် အလှူပြုတာဖြစ်လို့ သာဓုခေါ်ပါတယ်မင်းသားရေ။ နောက်လဲဒီထက်အများကြီးလှူနိုင်တန်း နိုင်ပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။