ရုပ်ရှင်နဲ့ သရုပ်ဆောင် မင်းသမီးချောကြီး အကယ်ဒမီဆွေဇေင်ထိုက်ကို မှတ်မိဦးမလား.. ပရိသတ်ကြီ..

အကယ်ဒမီဆွေဇင်ထိုက်ကို ပြင်သစ်နိုင်ငံမှ စာပေနှင့် အနုပညာသူရဲကောင်းဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်..။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံမှ ချီးမြှင့်တဲ့ စာပေနှင့် အနုပညာသူရဲကောင်းဘွဲ့တံဆိပ်ကို အန်တီ ဆွေဇင်ထိုက်က လက်ခံရရှိခဲ့တာလည်း ဖြစ်ပါတယ်..။

ဘွဲ့တံဆိပ်ချီးမြှင့်ပွဲကိုတော့ နိုဝင်ဘာ(၄)ရက်နေ့မှာ Sule Shangri-la ဟိုတယ်မှာကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

တကယ်ကို ဝမ်းသာဂုဏ်စရာပွဲလေးပဲ ဖြစ်ပါတယ်..။

ထိုပွဲကို အကယ်ဒမီ ခင်သီတာထွန်းနှင့် အခြားအနုပညာရှင်များလည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်..။

အကယ်ဒမီ ထွန်းထွန်းဝင်း၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ဆုပန်ထွာနှင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ အေးမြတ်သူ၊ အဆိုတော် ချမ်းချမ်းတို့ဇနီးမောင်နှံနှင့်အတူ အမေများအဖွဲ့နှင့် မမများ အဖွဲ့အပြင် အခြားအနုပညာရှင်များလည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်..။

အန်တီ ဆွေဇင်ထိုက်နှင့် အန်တီ ခင်သီတာထွန်း၊ ဦးထွန်းထွန်းဝင်း၊ ရဲအောင်၊ ခန့်စည်သူ၊ ခင်ဇာခြည်ကျော်၊ ဆုပန်ထွာတို့ရဲ့ ဝတ်စုံလေးတွေကိုတော့ နာမည်ကြီး ဒီဇိုင်နာဖြစ်တဲ့ မျိုးမင်းစိုးက ဖန်တီးချုပ်လုပ်ပေးထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

အကယ်ဒမီဆွေဇင်ထိုက်ဟာ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ခေါင်းဆောင်မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

ခေတ်ပြိုင် အနုပညာရှင် ခေါင်းဆောင်မင်းသမီးတွေထဲမှာလည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

အကယ်ဒမီ ဆွေဇင်ထိုက်ဟာ ၁၉၇၇ခုနှစ်က “မိန်းကလေးရှင်ရဲ့ ဆန္ဒ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

Photp Source - ဆုပန္ထြာ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။