မော်ဒယ် သရုပ်ဆောင်ခင်လေးနွယ်တစ်ယောက် ပါးကွက်ကြားလေးနဲ့ အင်းလေးရောက် အ လှဓာတ်ပုံလေးတွေကို ဝေေ၀ဆာဆာရိုက်ကူးထားတာကိုတွေ့ရပါတယ်။ အဝါရောင်ရှ မ်းရိုးရာ အင်္ကျ ီလေးကိုဝတ်ဆင်ထားပြီး ရှမ်းအဆင်ထမီအစိမ်းရောင်လေးနဲ့ ခင်လေးနွယ် တစ်ယောက် အရမ်းကိုနန်းဆန်လွန်းနေပါတယ်။ အသားရောင်ရှမ်းအင်္ကျ ီနဲ့ အစိမ်းရောင် ရှမ်းရိုးရာ ဘောင်းဘီလေးကိုလည်း ပြောင်းလဲဝတ်ဆင်ထားပြီး ပန်းလေးတစ်ပွင့်ပန်ထားကာ အရမ်းကို ချစ်စရာကောင်းနေတဲ့ တိုင်းရင်းသူလေးအဖြစ် ပုံလေးတွေက ဖော်ပြနေပါတယ်။

“ ပုံတင်မယ်ဟေး... ခုမှရောက်ဖူးလို့ပါနော် I like this photo ” ဆိုတဲ့ Caption လေးနဲ့ သူမ ရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို Facebook ပေါ်မှာတင်ထားတာဖြစ်ပြီး ပရိတ်သတ်အများ အပြား ကလဲ မှတ်ချက်တွေဖောဖောသီသီဝင်ပေးထားကြပါတယ်။ ခင်လေးနွယ်တစ်ယောက် အင်းလေးကို ရောက်ရှိနေပြီး ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတာကို ကြည့်ရ တာ တကယ့်ကိုချစ်စဖွယ်လေးပါပဲ ပရိတ်သတ်ကြီးရေ။ သနပ်ခါးလေးနဲ့ နန်းဆန်တဲ့ တိုင်းရင်း သူလေးပေါ့နော်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက်ရောက်ရှိလာတာဖြစ်ပြီး မိသားစုနဲ့အတူအလည် အပတ် ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေပုံရပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို Facebook မှာ ဝေေ၀ဆာဆာဖော်ပြထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူ လေးရဲ့ ရိုးရာဝတ်စုံလေးက သနပ်ခါးပါးကွက်ကြားလေးနဲ့ ဘယ်လိုတွေလိုက်ဖက်ပြီး နန်းဆန် နေလည်းဆိုတာ ကြည့်လိုက်ပါဦး ပရိတ်သတ်ကြီးရေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။