တိုင်းချစ်ပြည်ချစ်ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူဟာရပ်စောက်မြို့ကအဖွားတစ်ယောက်ရဲ့ဈာပနကိုကိုယ်တိုင်နိဗ္ဗာန်မောင်းနှင်ပို့ဆောင်ခဲ့ပြီးကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ရာသက်ပန်သက်သက်လွတ်စားခဲ့တဲ့အသက်၉၄နှစ်အရွှယ်အဖွားဒေါ်လှရဲ့ဈာပနာမှာအခုလိုကုသိုလ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရပ်စောက်မြို့ရဲ့မီးသဂြိုလ်စက်ကိုလဲရန်ကုန်နာရေးကူညီမှုအသင်းမှဦးစီး၍မေတ္တာစွမ်းအားပရဟိတအဖွဲ့(မရမ်းကုန်းမြို့နယ်)မှအကုန်အကျခံကာဆောက်လုပ်လှူဒါန်းတာဖြစ်တယ်လို့ပြောပါတယ်။ဦးကျော်ရဲ့သူလူမှုကွန်ယက်မှာလဲပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ကုသိုလ်အလှူတွေကိုမျှဝေပေးထားတာပဲဖြစ်ပါတယ်။ 

နိုဝင်ဘာလ၅ရက်နေ့မနေ့ကနေ့လည်၂နာရီအချိန်မှာအဖွားလှရဲ့ကျန်ရစ်သောခန္ဓာကိုယ်အားနေအိမ်မှဦးကျော်သူကိုယ်တိုင်သွားရောကသယ်ပိုးခဲ့ပြီးဈာပနကိုဦးစီးဆောင်ရွှက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့နေအိမ်မှသုသာန်သို့နိဗ္ဗာန်ယာဉ်ကိုယ်တိုင်မောင်းနှင်ပေးခဲ့ပြီးကုသိုလ်ယူခဲ့တာပဲဖြစ်တယ်လို့ဆိုပါတယ်။

အဖွားလှဟာရာသက်ပန်သက်သက်လွတ်စားခဲ့သူဖြစ်ပြီးဘာသာတရားကြည်ညိုလေးစားကိုင်ရှိုင်း၍ဘုရားဒကာကျောင်းဒကာရဟန်းဒါယကာမကြီးဖြစ်တာကြောင့်လေးစားကြည်ညိုစိတ်ဖြင့်ဈာပနကိုကိုယ်တိုင်ကိုယ်ကျသွားရောက်စီစဉ်ဆောင်ရွှက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ရပ်စောက်မြို့အတွက်လှူဒါန်းခဲ့တဲ့မီးသဂြိုလ်စက်ဖွင့်ပွဲပရဟိတဟောပြောပွဲကိုလဲမနေ့ကည၇နာရီမှာအချိန်မှာရပ်စောက်မြို့မြို့တော်ခန်းမမှာပြုလုပ်ကျင်းပခဲ့တယ်လို့ဆိုပါတယ်။ဦးကျော်သူ,ကိုမျိုး(မြန်မာစာ)နှင့်ညီဂျော်တို့ကဟောပြောပွဲပြုလုပ်ခဲ့ပြီးခန်းမတစ်ခုလုံးပြည့်လျှံစွာအားပေးကြည့်ရှု့နားထောင်သူများနဲ့ကြည်နူးစရာဖြစ်ခဲ့ရပါတယ်လို့ဆိုပါတယ်။ဦးကျော်သူရဲ့ကုသိုလ်ပြုလှူဒါန်းမှုတွေဟာအင်မတန်ကိုလေးစားစရာကောင်းလှပါတယ်။ပရိသတ်တွေအနေနဲ့လဲဦးကျော်သူပြုခဲ့တဲ့ကုသိုလ်တွေလဲသာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။