အောင်သူ နဲ့ ၀င်းနိုင်ထွန်းတိုက်စစ်အတွဲမြင်တွေ့ရတော့မည်

ပြီးခဲ့တဲ့ဆီးဂိမ်းတုန်းက အောင်သူနဲ့ဝင်းနိုင်ထွန်းတိုက်စစ်အတွဲကို

ပရိသတ်တွေတွေ့မြင်ခ ျင်ခဲ့ကြပါတယ်။

တစ်ယောက်တည်းရုန်းကန်နေရသောအောင်သူသာ

၀င်းနိုင်ထွန်းပါခဲ့ရင်ဆိုသောအတွေးတို့ကပရိသတ်တို ့ရဲ့ အတွေးဝယ် အပြည့်။

သူတို ့နှစ်ယောက်က အသက်ကွာဟပေမယ့် Generation တစ်ခုစီရဲ ့

အကောင်းဆုံးတိုက်စစ်မှူးတွေဖြစ်ပါတယ်။

ထိုတိုက်စစ်မှူးနှစ်ယောက်ကို တွဲကစားစေဖို ့စီစဉ်ခဲကတာက ဂတ်ဆီဇီ။

ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့်M-150 Cupထိုင်း ယူ-၂၃ ဖိတ်ခေါ် ပြိုင်ပွဲယှဉ်ပြိုင်ရန် ြ

မြန်မာ ယူ-၂၃ အသင်းကို ပဏာမ ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

မြန်မာယူ-၂၃ အသင်းတွင် ပြီးခဲ့သောဆီးဂိမ်းမှလူတော်တော်များများပါ၀င်လာခဲ့ပါတယ်။

ထူးခြားချက်တစ်ခုက ဒဏ်ရာပြသနာကနေပြန်ကောင်းလာတဲ့ နာမည်ကြီး

ကွင်းလယ်လူတွေဖြစ်တဲ့ငြိမ်းချမ်းအောင်နဲ့ကျော်မင်းဦးတို့ပြန်လည်ပါ၀င်လာခဲကခြင်း။

နောက်ပြီးမြန်မာ ယူ-၁၈မှ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ စိုးမိုးကျော်နှင့် လွင်မိုးအောင်တို့

ပါ၀င်လာခဲ့ခြင်းဖြစ်ပါတယ်။

M-150 ဖလားကို ဒီဇင်ဘာ ရ ရက်မှ ၁၃ ရက်အထိ ထိုင်းနိုင်ငံမှာကျင်းပမည်ဖြစ်ပါတယ်။

မြန်မာအသင်းပါ၀င်တဲ့အုပ်စုမှာ ထိုင်း၊ဗီယက်နမ်တို ့ပါ၀င်နေပါတယ်။

တစ်ဖက်အုပ်စုမှာတော့ ဂျပန်၊ မြောက်ကိုရီးယား၊ ဥဇဘက်ကစ္စတန်အသင်းတို့ ပါဝင်လျက်ရှိနေပါတယ်။

အုပ်စုပထမရတဲ့အသင်းက ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး အုပ်စုဒုတိယ

အသင်းကတော့ တတိယလုပွဲကစားရမှာပါ။ မြန်မာ ယူ-၂၃ အသင်းတွင် နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်(ဂျာမနီ)၊ လက်ထောက်နည်းပြ-ပိုပေါ့စကီး(မက်ဆီဒိုး နီးယား)၊ ဦးမြင့်ကို(ရတနာပုံ)၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ အားကစားသမားများအဖြစ် ဂိုးသမား-ဆန်းဆက်နိုင်(ရန်ကုန်)၊ ပြည့်စုံချစ်(ရတနာပုံ)၊ နောက်တန်း- နန်းဝေမင်း၊ မင်းကျော်ခန့် (ရန်ကုန်)၊ မျိုးကိုထွန်း၊ ကျော်သက်ဦး (ရတနာပုံ)၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ လှိုင်မျိုးအောင် (ရှမ်းယူနိုက်တက်)၊ သီဟထက်အောင်(ချင်းယူနိုက်တက်)၊ ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော်(အား/ကာသိပ္ပံ)၊ အလယ်တန်း-စည်သူအောင်၊ လှိုင်းဘိုဘို (ရတနာပုံ)၊ လွင်မိုးအောင် (အား/ကာသိပ္ပံ)၊ ရန်နိုင်ဦး(ရှမ်းယူနိုက်တက်)၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်(ရန်ကုန်)၊ စွမ်းထက်အောင်(မကွေး)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ ရန်ပိုင်စိုး(ဧရာဝတီ)၊ ရှေ့တန်း-အောင်သူ(ရတနာပုံ)၊ အောင်ကောင်းမာန်(ဧရာဝတီ)၊ သန်းပိုင်(ချင်းယူနိုက်တက်)၊ ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင် (MFF Youth) တို့ ပါဝင်ကြတယ်လို ့သိရပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။