ယခုနောက်ပိုင်းမှာ တက္ကစီသမားတွေ ရဲ့ ဒုက္ခ မသမာမှုတွေ ကို နေ့စဉ်နှင့် အမျှကြုံတွေ့နေရပါတယ်။ မိန်းမသားတိုးမှာ လမ်းမှာ Bus Car စောင့်နေလဲ လူဆွဲခံရ ထွက်ပြေးရနှင့် ဘယ်နေရာမှ မလုံခြုံတော့ပါဘူး။ ဒီတစ်ခေါက်မှာလည်း နေ့ခင်းနေ့လည်ကြီး တက္ကစီပေါ်က ဆင်းပြေးလာခဲ့ရတဲ့ မိန်းကလေးသုံးယောက်ရဲ့ အဖြစ်အပျက်....

'ဒီနေ့ညနေ4နာရီဝန်းကျင်ခန့်ကမြောက်ဥက္ကလာ မြရတနာ9လမ်းထိပ်မှအဒေါ်အိမ် ကြည့်မြင်တိုင်ပိတောက်ပင်လမ်းကိုသွားဖို့ညီအစ်မလေးယောက်6D- 5649 ကားကိုငှားစီးခဲ့တယ်..ညီအစ်မတွေအကုန်လုံး ကအနောက်ခန်းမှာပဲထိုင်တော့သူကတစ်ယောက်အရှေ့မှာလာထိုင်ဆိုပြီးပြောတယ် အဲ့တုန်းကတော့သတိမထားမိဘူးပော့ ကားပေါ်တက်တော့သတိထားမိတာကlifeရေသန့်ဘူးထဲမှာလက်2လုံးလောက်ရှိတဲ့မဲမဲအရည်တွေထည့်ထားတာ...နည်းနည်းကြာတော့ကားသမားကိုစပြီးထပ်သတိပြုမိလာတယ် ဘက်မှန်ကိုဟိုဘက်ရွှေ့လိုက်ဒီဘက်ရွှေ့လိုက်နဲ့ခဏခဏလှမ်းကြည့်တယ် သူအဲ့လိုလုပ်နေတာကိုညီမတွေအားလုံးကလည်းသတိထားမိလာပြီးတစ်ယောက်နဲ့တစ်ယောက်လက်ကုတ်ပြီးသတိပေးလာတယ်

အဲ့ဒီနောက်ရှစ်မိုင်မီးပွိုင့်နားလည်းရောက်ရောသူ့ဘက်ကမှန်ကိုပိတ်ပြီးair conကိုဖွင့်လိုက်တယ် အဲ့မှာသတိခဏလွတ်ပြီးညီမအငယ်ဆုံးနဲ့စကားပြောနေတယ် 8မိုင်တံတားဆင်းကျော်ကျော်ကုန်းမြင့်သာနားလည်းရောက်ရောလူကစိမ်းရွှင်ရွှင်အနံ့ရပြီး ရှိန်းခနဲဖြစ်သွားပြီ ညီမလတ်ကဆင်းဆင်း အမဲရေတွေ air con ကိုပတ်လိုက်တယ် ဆိုပြီးအော်ရော..တံခားဖွင့်ပြီးအော်နေတာတောင်ကားကိုမရပ်ဘူး ညီအစ်မတွေလည်း အတင်းဆင်းပြေးကြတာဖိနပ်တွေလည်းကျန်ခဲ့တယ် အဲ့လိုဖြစ်နေတာတောင်သူကမဆင်းလာပဲပြီတီတီနဲ့ကားရပ်ပြီးစောင့်နေတယ်

ညီမတို့လည်းနောက်ကတွေ့တဲ့ကားကိုတားပြီအတင်းပြေးတက်လိုက်တယ် ကားပေါ်ရောက်မှညီမလတ်ကပြောပြတာ သူကကားသမားကိုသတိထားကြည့်နေတာတဲ့ ကားပေါ်မှာတွေ့တယ်ဆိုတဲ့အမဲဘူးကိုယူပြီးပါးစပ်နားသောက်ချင်ယောင်ဆောင်ပြီးair con နားမှာဘူးကိုတေ့လိုက်တာသူကမြင်တာတဲ့...သူအဲ့လိုဆင်းဆင်းလို့အော်နေချိန်မှာပဲအနံ့ပြင်းပြင်းရှိန်းကနဲထွက်လာတော့သိတော့သိလိုက်တယ် ဘာမှန်းတော့မမြင်လိုက်ဘူး သူပြန်ပြောပြမှသေချာသိလိုက်တာ တစ်ကယ်ဖြစ်လာတော့လူကပြာပြီးဘာလုပ်ရမှန်းကိုမသိတော့ဘူး ကားနံပါတ်တောင်နောက်ကားကဦးလေးကြီးကဓါတ်ပုံရိုက်ထားလို့သတိပေးမှရိုက်မိတယ်...အဲ့ဒါနဲ့အိမ်ကလူတွေကိုလည်းဖုန်းဆက် ရောက်တာနဲ့ကြည့်မြင်တိုင်ရဲစခန်းသွားပြီးအသိပေးအကြောင်းကြားထားရတယ်....ညီမလေးယောက်မို့လို့သာတော်သေးတယ် ဒီပြင့်မိန်းကလေးတစ်ယောက်ထဲသာဆို ဘာတွေဘယ်လိုဆက်ဖြစ်မလဲတောင်မသိနိုင်ဘူး တော်တော်ကြောက်ဖို့ကောင်းတဲ့လူတွေပဲ....'ဆိုပြီးသူတို့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကိုရေးထားခဲ့ပါတယ်။

တက္ကစီ ကား နံပါတ်က 6D-5649 ဖြစ်ပြီး စာဖတ်သူတွေသိခဲ့တာရှိရင် ရဲစခန်းကို အကြောင်းကြားတာပဲဖြစ်ဖြစ် comment ဝင်ပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးကြပါ။ ထိုကားပိုင်ရှင်ရဲ့ မိတ်ဆွေတွေ၊ အသိတွေစီရောက်အောင် share ပေးကြပါ။အရင်အဖြစ်အပျက်တွေ မှာတော့ မိန်းကလေးတစ်ယောက်ထဲ ရှိလို့ ဖြစ်တာလို့အပြောခံရပေမယ့် ယခုလို အခြေအနေမျိုးမှာရော မိန်းကလေးတွေဘက်က မှားပြန်တာပဲလား။ Bus Car ပေါ်မှာလည်း မလုံခြုံ၊ တက္ကစီလဲ မလုံခြုံ၊ လမ်းပေါ်မှာလည်း မလုံခြုံ အသက် ၁၀၀ ကျော်က အစ ၅ နှစ် အရွယ် ကလေးကိုတောင် အနိုင်ကျင့်ပြီး မသမာမှုတွေ တွေ့နေရတဲ့ ခေတ်ကြီးမှာ အစိုးရ အနေနှင့် တင်းတင်းကြပ်ကြပ် ပြုလုပ်ဖို့တော်တော်ကို လိုအပ်နေပါပြီ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။