မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းဟာ ဝက်ဖို့စ်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရလဒ်တွေဆိုးဝါးနေတဲ့ အဲဗာတန်အသင်းအတွက်ကတော့ ကျေနပ်စရာနိုင်ပွဲတစ်ပွဲရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းက ဦးဆောင်ဂိုး ၂ ဂိုး စတင်ရရှိခဲ့ပြီးမှ အဲဗာတန်အသင်းဟာ သုံးဂိုးပြန်လည်သွင်းယူပြီး အနိုင် ၃ မှတ် ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၁၅ နေရာထိရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

အဲဗာတန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရွန်နီ၊ နီယာဆက် ၊ ဆီဂတ်ဆန် ၊ ဒေးဗစ်၊ ဂွာရီ၊ ဘာနင်ဂျီမင် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရီချယ်လီဆင် ၊ ဂါရေး၊ ကာရီရယ်လို၊ ကလီဗာလေ ၊ ဟော့ဂျ် ၊ ဒိုကိုရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဖို့စ်အသင်းဟာ အဲဗာတန်အသင်းအပေါ် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာ ပယ်နယ်တီပေးခဲ့ရတာကြောင့် အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်

အဖွင့်ဂိုးကိုတော့ ဝက်ဖို့စ်အသင်းကစတင်ရရှိခဲ့ပြီး ဒီဂိုးကို ၄၆ မိနစ်မှာ ရီချယ်လီဆင် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ကာဘာစီလီ က ၆၄ မိနစ်မှာ ဝက်ဖို့စ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။အဲဗာတန်အသင်းအတွက် ပထမချေပဂိုးကိုတော့ နီယာဆက် က ၆၇ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယချေပဂိုးကိုတော့ ၇၄ မိနစ်မှာ လီဝန် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဗာတန်အသင်းအတွက် အနိုင်ဂိုးကိုတော့ နောက်ဆုံးမိနစ်မှာရရှိလာတဲ့ ပယ်နယ်တီကို လစ်တိန်ဘိန်း က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။