အဆိုတော် ဂျင်းနီက သူမချစ်သူရဲ့ surprise လုပ်ပေးခဲ့တာကြောင့်အရမ်းပျော်နေခဲ့ပါတယ်။သူမရဲ့ ဖေ့ဘုတ်မှတော့ ချစ်သူနဲ့အတူပျော်နေတဲ့ပုံရိပ်တွေကိုတင်ပြီး သူမရဲ့အပျော်ကို မျှဝေထားပါတယ်။

သူမရဲ့ဖေ့ဘုတ်မှာတော့ အခုလိုပဲရေးသားထားပါတယ်

“1 Nov 11:45pm ကနေစပီး ဖုံးတွေပိတ်ခိုင်းတယ်၊ 369bar မှာ 2ယောက်ထဲ 2ရက်နေ့ရောက်မဲ့ ချိန်လေးကို မျှော်ရင်း(RO ကြတယ်ပေါ့)၊ အိမ်ကတောင် သူ့ဆီဖုံးဆက် wish လုပ်တယ်၊ 12:05am မှာဖုံးပြန်ပေးဖွင့်တယ်၊ 12:45am မှာ အိမ်ပြန်ပို့တယ်၊ လမ်းမှာ ဖုံး1call လာတယ် မန်းလေးက သူငယ်ချင်းတျောက် ရောက်နေတယ်ဆိုလို့ ခဏသွားတွေ့မယ် ပီးရင် သီချင်းလေးတွေ သွားဆိုကြမယ်ပေါ့၊ 

ဒါမဲ့ ဖြစ်စဉ်က အဲ့လောက်မရိုးရှင်းဘူး၊ အနှစ်၃၀အတွင်း ပထမဆုံး ရင်ခုန်ကြည်နူးမှုလေးပါ။ ကျမ မသိအောင် ကြိုတင်ဖန်တီးထားတဲ့ ကျမကြိုက်သော အရောင်များနဲ့ လေမှာလွင့်နေတဲ့ မိုးပျံဗူဖောင်းလေးတွေရယ် Happybirthday စာတန်းလေးတွေရယ် မွေးနေ့ရှင်ကျမရဲ့ Jenny ဆိုတဲ့ စာလုံးလေးရယ် Happybirthday My Love ဆိုတဲ့ စလုံးလေးတွေပါတဲ့ ကိတ်လေးတလုံးရယ် အဖြူရောင်ပန်းစည်းလေးတခုရယ် ကျမရဲ့ Happybirthday song လေးကိုဖွင့်လို့ ထင်မထားတဲ့ သူငယ်ချင်းတချို့နဲ့ ချစ်စရာကောင်းနေတဲ့ မွေးနေ့ခန်းမလေးတခုကို အံ့သြစွာ ကျမ ရောက်သွားခဲ့တယ်၊ ကျမ စိတ်ထဲ ဘာပြောရမှန်းမသိ ဘာဖြစ်သွားမှန်းလဲမသိ (ဘယ်တုန်းကမှ မခံစားဖူးဘူး၊ သူများတွေအတွက် ပျော်ရွှင်အောင် ကျမ အမြဲလိုလို လုပ်ပေးခဲ့ဖူးတဲ့ အရာတွေပါ ခုတော့ ကျမ ကိုယ်တိုင် ကြုံလိုက်တော့ မျက်ရည်လေးတောင်ကျမိတယ်) ကျိတ်ပီးကျေနပ်သွားမိတယ် ရှက်ပြံုးလေးနဲ့ သူ့ကို ကြည့်ပီး <ဒီလိုလဲ ကဗျာဆန်တတ်တယ်လား> စိတ်ထဲက ကြည်နူးရင်း....”

source - ဂျင်းနီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။