သရုပ်ဆောင်မိုးယုစံတို့ဇနီးမောင်နှံဟာ နှစ်ဖက်မိဘတွေနဲ့အတူ လာအို မြန်မာ ထိုင်း ဆုံမှတ်ဖြစ်တဲ့ ရွှေတြိဂံဒေသကို အပျော်ခရီးထွက်နေတာဖြစ်ပါတယ်။

(၂)လသားအရွယ်သားဖြစ်သူကိုပါ ခေါ်ဆောင်သွားတာဖြစ်ပြီး မိသားစုခရီးသွားပုံရိပ်တွေကို မိုးယုက သူမရဲ့ ဖေ့ဘုတ်စ်အကောင့်ကနေမျှဝေထားပါတယ်။

အိမ်ထောင်ရေးကံကောင်းလေးအဖြစ် ပရိသတ်တွေအားကျရတဲ့ မိုးယုစံဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေမျှဝေလေ့ရှိပြီး သားဦးလေးတစ်ယောက်မွေးဖွားထားပြီဖြစ်ပါတယ်။

အနုပညာလောကထဲ ပရိသတ်ချစ်ခင်အားပေးမှုများစွာရရှိထားတဲ ့မင်းသမီးချောလေး မိုးယုစံဟာ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ဖူးသလို သူမရဲ့ ကိုယ်ရေးကိုယ်တာမိသားစုအကြောင်းကလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်နေပါတယ်။

လက်တလောမှာတော့ အနုပညာလှုုပ်ရှားမှုတွေသိပ်မလုပ်တော့တဲ့ မိုးယုဟာ မိသားစုနဲ့အတူ ရွှေတြိဂံဒေသဘက်က အထင်ကရဘုရားတွေနဲ့ လည်စရာနေရာတွေကိုရောက်ရှိနေပါတယ်။

သားလေးနဲ့အတူမိသားစုသုံးယောက်ရိုက်ကူးထားတဲ့ အမှတ်တရပုံတွေကိုလည်း မျှဝေထားပါသေးတယ်။   

Source : Moe Yu San fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။