တကယ့်ကိုထိတ်လန့်ဖွယ်ရာအခိုက်အတန့်ပါ။

ဆိုက်ဗေးယီးရန်းကျားတစ်ကောင်ဟာ တိ၇ိစ္ဆာန်ရုံဝန်ထမ်းအား အလည်လာသူတွေအများကြီးရှေ့မှာဆွဲခါကုတ်ဖဲ့နေတာဖြစ်ပါတယ်။ဒါပေမဲ့အဆိုပါအမျိုးသမီးရဲ့အသက်ကိုကယ်လိုက်နိုင်ပါတယ်။ ကြည့်ရူနေသူတွေဟာ ကျားအားခဲလုံးတွေ၊ စားပွဲခုံတွေ၊ခုံတွေကိုရိုက်ချိုးပြီးအော်ဟစ် ပစ်ပေါက်ကာအဝေးသို့ပြေးအောင်ချောက်လှန့်လိုက်ကြခြင်းကြောင့်ဖြစ်ပါတယ်။

သို့သော်လည်းကနဦးတိုက်ခိုက်ခံရမှုကြောင့်အမည်မသိသေးသောအဆိုပါ တိရိစ္ဆာန်ရုံဝန်ထမ်းဟာ ဆိုးရွားစွာထိခိုက်ဒဏ်ရာများရခဲ့သလိုအခြားသောမဒဏ်ရာများအတွက်ဆေးရုံသို့သွားခဲ့ပါတယ်။မည်သို့ပင်ဆိုစေကာမူသူမအသက်ရှင်နိုင်ပြီဖြစ်ပါတယ်။အဆိုပါ၀န်ထမ်းယခုကဲ့သို့ကျား၏အတိုက်ခံနေရစဉ်မှာအခြားသောတိရိစ္ဆာန်ရုံဝန်ထမ်းတွေတစ်ယောက်မှရှိမနေကြသောကြောင့်ဖြစ်ပါတယ် ။                 

အဲ့သည့် ရုတ်တရက်အတိုက်ခိုက်ခံရမှုကိုတိရိစ္ဆာန်ရုံသိုကအလည်လာသူတွေကဝိုင်းဝန်းကူညီကယ်တင်လိုက်ကြခြင်းဖြစ်ပါတယ်။၀န်ထမ်းအမျိုးသမီးဟာ ကျားကိုအစာကျွေးဖို့ရောက်လာချိန်မှာယခုလိုတိုက်ခိုက်ခံရခြင်းလည်းဖြစ်ပါတယ်။အဆိုပါဆိုက်ဗေးယီးရန်ကျား၏နာမည်မှာ တိုက်ဖန်ဖြစ်ပြီး Chelyabinsk တိရိစ္ဆာန်ရုံမျာ ၂၀၀၁ခုနှစ် ဇူလိုင်လ၁ရက်နေ့ကမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။

Source – metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။