ဒီနေ့ နိုဝင်ဘာ(၆)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောတစ်လက်ဖြစ်တဲ့ မင်းသား Lee Dong Wook ရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။

မင်းသား Lee Dong Wook ဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံများမှာပါ ချစ်ခင်အားပေးရတဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်..။

မွေးနေ့ရှင် မင်းသားချော Lee Dong Wook ကို မွေးနေ့ဂုဏ်ပြုတဲ့ အနေနဲ့ သူ့အကြောင်းလေးတေီကို ပရိသတ်ကြီးများအတွ့် အမှတ်တရ ဖော်ပြပေးသွားချင်ပါတယ်..။

မင်းသားချော Lee Dong Wook ကို (၁၉၈၁)ခုနှစ် နိုဝင်ဘာ(၆)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။ ဒီနေ့ မွေးနေ့ရက်လေးမှာတော့ အသက်(၃၆)နှစ် ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

Lee Dong Wook ဟာ ချွန်းဘုတက္ကသိုလ်မှ အနုပညာမေဂျာနဲ့ ဘွဲ့ရရှိခဲ့တာ ဖြစ်ပြီး ဝါသနာကတော့ အားကစားလိုက်စားတာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အရပ်က(၁၈၄) စင်တီရှိတဲ့ အရပ်ရှည်ပြီး စမတ်ကျပြီး ဘီသွေးပိုင်ရှင် ဖြစ်ပါတယ်..။ (၁၉၉၉)ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အောင်မြင်တဲ့ အနုပညာရှင်မင်းသား မဖြစ်ခင် ရုပ်သံဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်..။

ဇာတ်လမ်းတွဲ ပြသနေစဉ်မှာပဲ တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံများမှာပါ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပြီး အောင်မြင်တဲ့ အနုပညာငွေကြယ်တစ်ပွင့် ဖြစ်လာစေခဲ့ပါတယ်..။

နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားများမှာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရိုမန်တစ်အချစ်ဇာတ်လမ်းဖြစ်တဲ့ (television dramas My Girl (2005) ၊ သဘာဝလွန် ဇာတ်လမ်း (Scent of a Woman (2011) ၊ (Hotel King (2014) နှင့် TV ဇာတ်လမ်းတွဲ Guardian: The Lonely and Great God(2016) စတဲ့ ဇာတ်ကားတွေမှာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Lee Dong Wook ရဲ့ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတွေလည်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ (၂၀၀၉)ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့မှာ စတင် စစ်မှုထမ်းတာဝန်ကို ကြည်းတပ်လေ့ကျင့်ရေးစခန်းမှာ (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်..။

(၂၀၁၁)ခုနှစ် ဇူလိုင်(၂၀)ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန် ပြီးဆုံးပြီး တရားဝင် စစ်သားဘဝမှ အနားယူပြီး အနုညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

(၂၀၁၁)ခုနှစ် နိုဝင်ဘာလမှာတော့ တေးလင့်အေဂျင်စီ ကင်းကောင်အင်တာတိန်းမတ် (talent agency King Kong Entertainment) နဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။