ရန်ကုန်မြို့မှာ ကားလမ်းခရီးကြပ်တည်းသည့်အတွက် အချို့ပြည်သူများမှာ မီးရထားကို အားကိုးရလျက်ရှိသည်။ ထိုကဲ့သို့ အားကိုးနေရသည့် မီးရထားပတ်လမ်း၏ အချို့ဘူတာများမှာ သန့်ရှင်းမှုများအားနည်းလျက်ရှိသည်။ သမိုင်းဘူတာနှင့် ဒညင်းကုန်းဘူတာများမှာမှု အဆိုးဆုံးဖြစ်သည်။ ထိုဘူတာများရှိစျေးများမှာ ခရီးသွားပြည်သူများကို စိတ်အနှေင့်အယှက်အများစွာဖြစ်စေသည်။

ယခုအခါ ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ အများပြည်သူအန္တရာယ်ရှိ သမိုင်းဘူတာစျေးနှင့် တညင်းကုန်းဘူတာ စျေးနှစ်ခုကို ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း (၇) သွားလာရေးမှ သိရသည်။ သမိုင်းမီးရထားဘူတာနှင့် အင်းစိန်ဘက်ခြမ်းရှိ ခုံးကျော်တံတားကြား မီးရထားပိုင်မြေနေရာတွင် သမိုင်းဘူတာစျေးသစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး ခုံးကျော်တံတားနှင့် ပေ ၂၀၀ အကွာရှိ မြေဧရိယာ ပေ ၄၅၀ နှင့် ပေ ရ၀ အကျယ်အဝန်းနေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် သမိုင်းဘူတာ ပျံကျစျေးသည်များ စာရင်းကောက်ယူထားမှုအရ စျေးဆိုင်ပေါင်း ၃၈၀ ရှိပြီး ၅ ပေပတ်လည် ကွန်ကရစ် ဆိုင်ခန်းများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သမိုင်းဘူတာရုံစျေး ပြောင်းရွှေ့ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ယူကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး တညင်းကုန်းဘူတာ၊ မီးရထားသံလမ်းဘေးတွင် ရောင်းချနေသော ပျံကျစျေးရွှေ့ပြောင်းရေးမှာ သက် ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအမံဖြင့်သာ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း စျေးဌာနမှ ဒုတိယဌာနမှူးဦးသောင်းတင်က ပြောသည်။ အဆိုပါစျေးနှစ်ခုအား ပြောင်းရွှေ့ပြီးစီးပါက စျေးခွန် ကောက်ခံရေးနှင့် စျေးသန့်ရှင်းသာယာရေးကိစ္စရပ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာသို့ လွှဲအပ် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

Source – News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။