အသက် ၄၉ နှစ်မှာ ဂီတသက်တမ်း ၂၁ နှစ်ရှိတဲ့ အဆိုတော် ဘိုဖြူက တစ်ကိုယ်တော် တေးစီးရီးပေါင်း ၁ဝ ခွေထွက်ရှိခဲ့ပြီး နောက်ဆုံးထွက်ရှိမည့် တစ်ကိုယ်တော်ခွေကို ယခုနှစ် ဒီဇင် ဘာလပထမပတ်တွင် ရတနာမြိုင် တေးထုတ်လုပ်ရေးကနေထွက်ရှိရန် ပြင်ဆင်နေပါတယ်။ ဘိုဖြူက အောင်မြင်မှုများ နှင့် ယနေ့ထက်ထိတိုင် ပရိသတ်မှ လက်ခံ အားပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။  

“အခုနောက်ဆုံး ထွက်မယ့် စီးရီးမှာ သီချင်းအားလုံး ၁၁ ပုဒ်ပါပြီး သီချင်းခေါင်းစဉ်လေးပေးဖို့ စဉ်းစား နေတုန်းပါပဲ။

ဟိုအရင်ကတည်းက အစ်ကိုက သီချင်းမရေးဘူး။ ရေးလည်း မရေးတတ်ဘူး။ အခုဒီအခွေမှာဆိုလည်း အစ်ကိုက အဆိုပိုင်းပဲ။ သီချင်းဆိုတာကိုပဲ လောဘကြီးတယ်။ အစ်ကိုတို့ ဂီတသက်တမ်း ၂၁ နှစ် အချိန်အခါအထိ ငြိုငြင်မှုမရှိ အားပေးနေတဲ့ ပရိသတ်ကိုတော့ ကျေးဇူးတင်တာတော့ အမှန်ပဲ။ 

အစ်ကိုတို့တုန်းကဆို သီချင်းတစ်ခွေဖြစ်ဖို့ တအား ကို အားစိုက်ခဲ့ရတာ။ ဒီဘက်ခေတ်ကတော့့ အဆိုတော်တွေ လည်း ပေါများလာတယ်။ အခွေတွေလည်းထုတ်တာ နေ့တိုင်း လိုလိုတွေ့နေရတယ်။ ဒါကလည်း ခေတ်စနစ်ကြောင့်လို့ အစ်ကို ထင်တာပဲ။ လုပ်ပါ၊ မလုပ်နဲ့ မပြောပါဘူး။ ဒါပေမယ့် ကိုယ်လုပ်တဲ့ သီချင်းတွေကို တန်ဖိုးရှိရှိနဲ့ လေးလေးစားစား လုပ်စေချင်ပါတယ်။

အစ်ကိုအခုအသက် (၄၉) နှစ်ရှိပါပြီ။ မျိုးဆက်ထားဖို့တော့ မရှိပါဘူး။ အခုအထိလည်း အစ်ကိုက ဂီတကို လေ့လာနေရတဲ့ သူမို့ပါ။ ဦးထီးတို့ဆို မြင်ဆရာ၊ ကြားဆရာပေါ့နော်။ ကိုငှက်တို့သီချင်း တွေကို အစ်ကိုအခုထိ ပြန်နားထောင်ပြီး ကိုယ်မသိတာလေးတွေကို လေ့လာနေရတုန်းပါပဲ။ တချို့ နားမလည်တာလေးတွေ လာမေးလို့ ရှိရင်တော့ အရပ်စကားအနေနဲ့ ရှင်းပြတတ်တာတော့ရှိတယ်။ ကိုယ်တိုင်မသိသေးတာတွေကို လေ့လာနေရတာမို့ပါ။”

သတင်းအရင်းအမြစ် - ကိုလင်း (မြန်မာ့အလင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။