နိုဝင်ဘာ ၅ရက်နေ့မနေ့ကထိုင်းနိုင်ငံမဟာချိုင်မြို့တွင်ပိုက်ကျော်ခြင်း ကစားနေသည့် မြန်မာခြောက်ဦးနှင့် ကြည့်ရှုနေသူများအပါအဝင်စုစုပေါင်း(၁၈)ဦးတို့ကိုလောင်းကစားလုပ်သည်ဟုစွပ်စွဲကာထိုင်းရဲကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။အဆိုပါဖမ်းဆီးခံမြန်မာလုပ်သား(၁၈)ဦးတို့ကို ထက်ချလုံရဲစခန်းတွင် ထိန်းသိမ်းထားပြီး တစ်ဦးလျှင် ဘတ် သုံးထောင်ပေးမှသာပြန်လွှတ်မယ်လို့ ထိုင်းရဲကပြောဆိုထားကြောင်းမြန်မာအလုပ်သမားများအရေး လုပ်ဆောင်နေသည့် AAC အဖွဲ့မှကိုရဲမင်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာသွားရောက်လုပ်ကိုင်တဲ့မြန်မာအလုပ်သမားတွေအနေနဲ့ဘောလုံးကန်ခြင်း၊ ခြင်းခတ်ခြင်းတို့လုပ်လို့မရပါဘူးလို့သိရပါတယ်။အဲ့လိုလုပ်ပါကထိုင်းရဲကအမြဲလိုလိုလိုက်ဖမ်းနေတာဖြစ်တယ်လို့ကိုရဲမင်းကပြောပါတယ်။လက်ရှိအဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားများမှာ ဒဏ်ငွေပေးဆောင်ရမည့် အခြေအနေဖြစ်နေပြီး ပုံမှန်အားဖြင့် တရားရုံးတွင် ပြစ်ဒဏ်ဆောင်ပြီးမှ လွတ်မြောက်မှာ ဖြစ်သော်လည်း AAC အဖွဲ့၏ ညှိနှိုင်းမှုကြောင့် ယနေ့ အချုပ်မှ ပြန်လွတ်မှာဖြစ်တယ်လို့ ကိုရဲမင်းက ဆက်လက် ပြောပြပါတယ်။

"မခိုင်လုံဘဲနဲ့ လောင်းကစားမှုဆိုပြီး လက်မှတ်ထိုင်းခိုင်းတယ်။ လက်ဗွေ အတင်းနှိပ်ခိုင်းတယ်။ သူတို့လည်း ကြောက်ကြောက်နဲ့လက်မှတ်ထိုးလိုက်မိတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်က နောက်ကျသွားပြီ။ ဝန်ခံလိုက်သလို ဖြစ်သွားတာပေါ့" ဟုကိုရဲမင်းက ဆိုပါတယ်။ယခု ရဲတပ်ဖွဲ့ကို ဘတ် ၁၅၀၀ ပေးရမှာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် တရားရုံး၌ ဒဏ်ငွေ ဘတ် ၁၀၀၀ သို့မဟုတ် ၁၅၀၀ ဒဏ်ကြေး ထပ်မံ ပေးဆောင်ရမည်ဖြစ်ကြောင်း AAC ထံမှ သိရပါတယ်။

သတင်းအရင်းအမြစ် - ကိုရဲမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။