စပါးကစားသမား ဆွန်ဟောင်မင်ကတော့ စံချိန်သစ်တစ်ရပ်တင်နိင်ခဲ့ပါတယ်။ ဒါကတော့ မန်ယူကစားသမားဟောင်း ပတ်ဂျီဆန်ကို ကျော်နိုင်ခဲ့တာပါ။ တနင်္ဂနွေညကတော့ စပါးက ပရိးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ်စတယ်ပဲလေ့နှင့်ကစားခဲ့ရပါတယ်။ အဆိုပါပွဲမှာတော့ စပါးက ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲရဲ့ တစ်လုံးတည်းသော ဂိုးကို ဆွန်ဟောင်မင်က သွင်းခဲ့တာပါ။ ဒါ့ကြောင့် စပါးအသင်း၏ တောင်ကိုရီးယားလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမားဆွန်ဟောင်မင်သည် မန်ယူကစားသမားဟောင်း ပက်ဂျီဆန်တင်ရှိခဲ့သည့် အာရှကစားသမားများထဲတွင် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ခဲ့ကြောင်းသိရသည်။

မန်ယူအသင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိကစားခဲ့သူ ပက်ဂျီဆန်သည်ပရီးမီးယားလိဂ်၌ (၁၅၄)ပွဲကစားကာ (၁၉)ဂိုးသွင်းယူခဲ့သည်။ ယခုအခါ ဆွန်ဟောင်မင်သည် ပရီးမီးယားလိဂ်တွင် (၇၄)ပွဲသာကစားပြီးချိန်၌ ဂိုး(၂၀)သွင်းယူခဲ့ပြီး ပက်ဂျီဆန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဆွန်ဟောင်မင်သည် ပဲလေ့စ်ကိုအနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းခဲ့ပြီး အဆိုပါဂိုးမှာ ၎င်း၏ပရီးမီးယားလိဂ်ဂိုး (၂၀)ပြည့်သွင်းဂိုးဖြစ်ခဲ့သည်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။