ကိုရီးယားဇာတ်လမ်းတွဲ “The Good Doctor” အားNetflix မှRemarkလုပ်ကာပြန်လည်ရိုက်ကူးပြီးအမေရိကန်ရုပ်သံလိုင်းABCမှ ပြသနေပါတယ်။အဆိုပါဇာတ်လမ်းတွဲ ဟာကိုရီးယားမှာထုတ်လွှင့်ပြသစဉ်ကတည်းကလူကြိုက်များလှသလိုကြည့်ရှု့သူနှုန်းဟာလည်းကောင်းမွန်လှပါတယ်။

ဇာတ်လမ်းမှာမင်းသားကSavantSyndrom(တစ်ချို့နေရာတွေမှာသူများနဲ့မတူအောင််တော်ပြီး ကျန်တဲ့နေရာတွေဦးနှောက်ကမစဉ်းစားနိုင်တဲ့ရောဂါ)နဲ့Autismရှိတဲ့ခွဲစိတ်ဆရာဝန်ပေါက်စဖြစ်ပါတယ်။ငယ်စဉ်ကတည်းကသူ့အကြောင်းသိတဲ့ဆရာဝန်ကြီးကသူအုပ်ချုပ်နေတဲ့ဆေးရုံမှာအလုပ်ခန့်တဲ့အခါဒီလိုချို့ယွင်းချက်ရှိတဲ့သူကိုလက်မခံနိုင်ပါဘူးဆိုပြီးဝိုင်းဝန်းကန့်ကွက်ခံရပေမယ့်သူ့မှာသူများတွေထက်ထူးခြားတဲ့စဉ်းစားဉာဏ်နဲ့ရောဂါရှာဖွေနိုင်စွမ်း၊ကုသဖို့နည်းလမ်းစဥး်စားနိုင်စွမ်းရှိတဲ့အခါဇာတ်လမ်းဟာစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

Netflixမှရိုက်ကူးကာABCမှာပြသခဲ့တဲ့အပိုင်းတွေမှာဆိုရင်ပရိသတ်ရဲ့အားပေးနှုန်းဟာသိသိသာသာမြင့်တက်လာခဲ့ပါတယ်။IMDBRating8.4တောင်ရထားတာလည်းဖြစ်ပါတယ်။မူလရှိသောအပိုင်း၁၃ပိုင်းအားပြန်လည်ကာဇာတ်လမ်းအားချဲ့ထွင်လျက်၁၈ပိုင်းအထိထုတ်လွှင့်ပြသဖို့ကိုလုပ်နေတာလည်းဖြစ်ပါတယ်။ABCမှစက်တင်ဘာ၂၅ရက်နေ့ကစတင်ပြသစဉ်အတွင်းမှာကြည့်ရှုသူနှုန်း၂.၂ ရရှိခဲ့ပြီး ဒုတိယအပိုင်းအား အောက်တိုဘာ ၂ရက်နေ့တွင်ပြသသောအခါကြည့်ရှုသူနှုန်း၂.၄အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 

Source - Eonline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။