ဗီယက်နမ်နိူင်ငံ ဟနွိုင်းမြို့တွင် အားပြင်းသောတိုက်ဖွန်းမုန်တိုင်းတိုက်ခတ်သွားခဲ့ပါတယ။မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး၂၇ဦးသေဆုံးခဲ့ရပြီး ၂၂ယောက်မှာပျောက်ဆုံးနေဆဲဖြစ်လျှက် ကမ်းရိုုးတန်းတောင်ပိုင်းတစ်လျှောက် ဆုံးရှုံးမှုအများအပြားရှိခဲ့ကြပါတယ်။ 

မုန်တိုင်းကြောင့် အိမ်ပေါင်း ၆၀၀ ထက်မနည်းပျက်စီးဆုံးရှုံးသွားသလို အနီးစပ်ဆုံး အိမ်ခြေ၄၀၀၀ခန့်ဟာ အပျက်အစီးအချို့ရှိခဲ့ပါတယ်။ယခုတိုက်ခတ်သောမုန်တိုင်းမှာ တစ်လအတွင်းဒုတိယအကြိမ်တိုက်ခတ်သောမုန်တိုင်းဖြစ်ပါတယ်။စိုက်ပျိုးမြေတွေနှင့်တကွ ငါးဖမ်းလှေတွေဟာလည်းနစ်မြုပ်ဖျက်စီးခံခဲ့ရပါတယ်။

ခရီးသွားပေါင်း၁၅၀၀ခန့်ဟာလည်းမီးရထားဘူတာရုံမှာသောင်တင်နေကြတာလည်းဖြစ်ပါတယ်။မိုးသည်းထန်စွာရွာသွန်းမှုကလည်းဟာ လာမယ့်အင်္ဂါနေ့အထိ ဆက်တိုက်ရွာနေဦးမယ်လို့ထင်နေရပါတယ်။ 

Source - foxnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။