နေပြည်တော်မှာ ကျင်းပတဲ့ ရွှေနန်းတော်ဆိုင်ဖွင့်ပွဲမှာ ပြိုးပြိုးပြက်ပြက်လတ်နေတဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ထူးထူးခြားခြား Performance အသစ်အဆန်းတွေနဲ့ ဂီတလောကထဲ ၀င်ရောက်လာတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းဆိုရင်တော့ မသိတဲ့သူမရှိကြပါဘူး။

သူမရဲ့ အသံပါ၀ါကောင်းကောင်းနဲ့ အမိုက်စားဖက်ရှင်တွေပေါင်းစပ်ကာ တင်ဆက်မှုတွေကြောင့် သီချင်းတိုင်းလိုလိုဟာ လူကြိုက်များလျက်ရှိပါတယ်။

ပရိသတ်အခိုင်အမာရရှိထားတဲ့ ဖြူဖြူဟာ တဖိတ်ဖိတ်တောက်ပနေတဲ့ ဖက်ရှင်တွေနဲ့အတူ နို၀င်ဘာလ(၂)ရက်နေ့က ကျင်းပတဲ့ ရွှေနန်းတော်ဆိုင်သစ်ဖွင့်ပွဲမှာ သီချင်းတွေနဲ့တက်တက်ကြွကြွ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

အဆိုပါ ဖက်ရှင်ကို ကြိုက်နှစ်သက်သူတွေလည်းရှိသလို ဝေဖန်သူအချို့နဲ့ ထရိုလာတွေကြားမှာလည်း ပြောစမှတ်တွင်နေတာပါ။

ဖြူ့ဖြူ့ရဲ့ သီဆိုတင်ဆက်မှုစတိုင်ကို ယနေ့ထိ အားပေးလာတဲ့ ပရိသတ်တွေကတော့ သူမကို ဘာပဲဖြစ်ဖြစ် ချစ်ခင်အားပေးနေမှာပါလို့ ဆိုပါတယ်။

လူပြောများနေတဲ့ ဖြူဖြု့ရဲ့ ၀တ်စုံကတော့ သူများတွေထက်ကို ထူးခြားနေတာအမှန်ပါပဲ။  

Source : Phyu Phyu KyawThein fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။