ပရိတ်သတ်တွေ ရဲ့ ရင်ဘတ်ထဲမှာ နှစ်ပေါင်းများစွာ နေရာယူထားကာ အရမ်းကို အတွဲညီခဲ့ပြီး တအူတုံဆင်း ညီ အကိုတွေ မဟုတ်ပေမဲ့ ညီအကိုရင်းတွေ ထက်ချစ်ခင်ကျတဲ့ လူရွင်တော် နှစ်ဦးကတော့ ဦးမိုးဒီ နဲ့ ဦးမော့စ် တို့ပဲဖြစ်ပါတယ်။

လူရွင်တော် မော့စ်ဟာ အသက် ၅၉ နှစ်မှာ သူချစ်တဲ့ ပရိတ်သတ်တွေ ကိုထာဝရ နှုတ်ဆက်သွားခဲ့ပြီး၊ ဦးမိုးဒီက တော့ သူနဲ့ ပတ်သက်ခဲ့တဲ့ အမှတ်တရတွေကို ခုလိုပဲ ပြန်ပြောခဲ့ပါတယ်။

“သူငယ်ငယ်လေးထဲက ပြောခဲ့တာ သူ အသက် ၂၀ကျော် ကိုယ် အသက် ၃၀ကျော် အဲ့အချိန်လောက်မှာ သူက ကျနော် အသက်သိပ်ကြီးကြီး မနေချင်ဘူးတဲ့ အသက် ၄၀ကျော်ရင် သေဗျာ အေးရောတဲ့ ပြီးတော့ အသက် ၄၀ အထိပဲ မာမာချာချာ နဲ့ ဒီအလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်မယ်ဗျာတဲ့ တကယ်လည်း အသက် ၄၀ ရောက်လာရော သူ့ကို အကဲခတ်ကြည့်တော့ သူမသေချင်ဘူး မသေရဲဘူး ခုသူမသေချင်တဲ့ အချိန် မှာ သေသွားရတယ်”

ဦးမိုးဒီမှာ ဟသာၤတသား ဖြစ်ပြီး၊ ဦးမော့စ်မှာ လေးမျက်နှားသား ဖြစ်ကြောင်း၊ ဦးမိုးဒီ ဇာတ်သဘင်လောက ထဲကို မီးထိုးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်သဘင်လောကမှာ ကျင်လည်နေချိန် ၇ နှစ် အကြာမှသာ ဦးမော့စ် က ပိတ်ကားဆွဲ အဖြစ် ဇာတ်သဘင် လောကကို ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

“ကိုယ်နဲ့ သူခွဲသွားတာ ၅ နစ်လောက်ရှိပြီ နောက် ဘလောက်နေရဦးမလဲ ကိုယ်လဲ မသိဘူး ကိုယ်လဲ နောက်ကလိုက်ရမှာပါပဲ ဒါပေမဲ့ တက်နိုင်သမျှတော့ အသက်ရှည်ရှည် နေချင်ပါသေးတယ် ကုသိုလ်ကောင်းမှုလေးတွေလုပ်ပြီးတော့”

၎င်းတို့နှစ်ဦးမှာ ပြောမနာဆိုမနာ သူငယ်ချင်းများ ဖြစ်ကြပြီး အခြားသူတွေ ဘလောက် ပြောမနာဆိုမနာ ဖြစ်ပါစေ ဦးမော့စ် လောက် အံကိုက်မကျကြောင်း၊ ဦးမော့စ်သည် လူရွင်တော် အလုပ်ကို အလွန်ပင်မြတ်နိုးကြောင်း ထပ်မံပြောပြခဲ့ပါသေးတယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။