ခရစ်ယာန်ဘာသာဝင်တို့ ဘုရားကျောင်းတက်ဝတ်ပြုသည့်နေ့ဖြစ်သည် ယမန်နေ့ တနင်္ဂနွေနေ့မနက်တွင် အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပစ်ခတ်ခဲ့သောသူသည် ၀တ်ရုံအနက်ကို ၀တ်ဆင်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၀က်ရုံနက် ၀တ်ဆင်ထားပြီး ရိုင်ဖယ်သေနတ်ကိုင် သေနတ်သမားတစ်ဦးသည် နို၀င်ဘာ ၅ ရက် နံနက်တွင် တက္ကဆက်ရှိ ဘုရားကျောင်း၌ ၀တ်ပြုဆုတောင်းနေသူများအား ပစ်ခတ်ခဲ့ရာ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

အမေရိကန် ပြည်ထောင်စုကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ယင်းသေနတ် ပစ်မှုမှ သေနတ်သမားကို အာဏာပိုင်များက မည်သူမည်ဝါဟု မထုတ်ဖော်ခဲ့ဘဲ အသက် ၂၀ ကျော်အရွယ် လူဖြူလူငယ်တစ်ဦး ဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။ဒေသခံတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် သူ၏ကားအတွင်း၌ သေဆုံးနေခဲ့သော လူငယ်သည် ကျည်ကာအင်္ကျီကို ၀တ်ဆင်ထားကြောင်း သိရသည်။ ခေတ်သစ် အမေရိကန် သမိုင်းတွင် အဆိုးဆုံးသော အောက်တိုိဘာ ၁ ရက် လတ်စ်ဗီးဂတ်စ် သေနတ်ပစ်မှု ဖြစ်ခဲ့ပြီးနောက် သီတင်းပတ် ငါးပတ်အကြာတွင် တက္ကဆက် သေနတ်ပစ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လတ်စ်ဗီးဂတ်စ် သေနတ်ပစ်မှု၌ လူ ၅၈ ဦး သေဆုံးခဲ့ပြီး လူ ၅၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ဆန်အန်တိုနီယိုမြို့ အရှေ့တောင်ဘက် မိုင် ၃၀ အကွာရှိ လူ ၄၀၀ ခန့် နေထိုင်သော ကျေးလက်မြို့ ဆက်တာလန်းစပရင်းမှ First Baptist ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သော ယခုပစ်ခတ်မှု၌ သေဆုံးခဲ့သူများသည် အသက် ၅ နှစ်မှ ရ၂ နှစ်အတွင်း ဖြစ်ကြသည်။ သေနတ်သမားသည် ဘုရားကျောင်းအတွင်း မဝင်မီ အပြင်မှ ပစ်ခတ်ခဲ့ပြီး အထဲသို့ ရောက်ပြီးနောက် သေနတ်ကို ဝှေ့ယမ်း၍ ဆက်လက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် သေနတ်သမား ပြန်လည် ထွက်ခွာချိန်တွင် လက်နက်ကိုင် ဒေသခံတစ်ဦးက သေနတ်ကို လုယူခဲ့ကာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြောင်း တက္ကဆက် ဘေးကေင်းရေးဆိုင်ရာ ဌာန၏ ဒါရိုက်တာ ဖရီးမန်းမာတင်က ပြောကြားခဲ့သည်။

Source – CNN , Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။