မကြာမီကအသစ်ထွက်ရှိလာသော iPhone X တွေကို ၀ယ်ယူဖို့စောင့်ဆိုင်းသူတွေအများအပြား ရှိနေခဲ့ပါတယ်။ထို့သို့စောင့်ဆိုင်းသူတွေဆီသို့ iPhone X တွေသယ်ဆောင်လာတဲ့ truck ကားအတွင်းမှ ဖုန်း အလုံးပေါင်း ၃၀၀ကျော်ဟာ ပျောက်ဆုံးသွားခဲ့ရပါတယ်။

ဖြစ်စဉ်မှာ iPhone Xတွေသယ်ဆောင်လာတဲ့ကားဟာ Stonestown Galleria mall,ကိုရောက်တဲ့အခါမှာ ကားမောင်းသမားက ပစ္စည်းတွေကိုမောထဲသို့ပြောင်းရွေ့ရန်အတွက် ကားကိုပါကင်ထိုးပြီး မောထဲသို့ခဏသွားစဉ်ပြန်လာသောအခါ ကားဟာအဖျက်စီးခံထားရပြီး တံခါးဟာလည်းပွင့်နေခဲ့ပါတယ်။ထို့နောက်မှာတော့ ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ခိုးယူသွားတဲ့သူတွေဟာ ဟူဒီကုတ်တွေကိုဝတ်ဆင်ထားကြပြီး အဖြူရောင် Dodg vanကားကိုအသုံးပြုတယ်လို့ယုံကြည်ထားကြပါတယ်။ခိုးမှုကျူးလွန်သူတွေဟာ iPhone Xတွေသယ်ဆောင်လာတဲ့ Truck ကားကို စောင့်ကြည့်နေဟန်လည်းရှိပါတယ်။ Appleပရိသတ်တွေကညမအိပ်ဘဲအဆိုပါ iPhone X ကိုစောင့်ဆိုင်းနေခဲ့တာလည်းဖြစ်ပါတယ်။

Source - abcnews 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။