စက်စဲကမ်းခြေကတော့ အများပြည်သူအကြား နာမည်ကြီးပါတယ်။ သွားရောက်ပျော်ပါးသူများလည်း အင်မတန်ကိုများပြားပါတယ်။ ယခုအခါ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာရှိ စက်စဲကမ်းခြေမှာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက သားအဖနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ စက်စဲနယ်မြေရဲစခန်းက သိရပါတယ်။ သားအဖနှစ်ဦးက ဧည့်သည်ဖြစ်တဲ့အတွက် ရေအတိမ်အနက်ကို မသိရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စက်စဲနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဌေးက ပြောသည်။

စခန်းမှူး ရဲအုပ်ဝင်းဌေးက “သူတို့က ဘောကွင်းနဲ့ ရေကူးကြတယ်။ လေက အရှေ့လေတွေက တိုက်နေတဲ့အခါကျတော့ ပင်လယ်အနက်ထဲကို လေနဲ့ပါတယ်။ သူတို့က ဧည့်သည်တွေဆိုတော့ မသိတဲ့အခါကျတော့ ဘောကွင်းနဲ့ ရေနက်ထဲပါသွားပြီး ဘောကွင်းလွတ်ပြီးရေနစ်သွားတယ်။ ကိုကျော်ဟိုးနဲ့ သူ့သားက မောင်ကောင်းဟိန်းပါ။” လို့ ပြောပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ သားအဖနှစ်ဦးရဲ့ အလောင်းကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ (Mawlamyine Rescue) ၊ တောင်ပေါ်လမ်းလျှောက်နားရေးကူညီမှု အသင်း၊ စက်စဲနာရေးနာရေးကူညီမှုအသင်းတို့ ပူးပေါင်းကာ နိုဝင်ဘာ ၄ ရက်နေ့မှ ၅ နေ့အထိ ရှာဖွေခဲ့ပေမယ့် လက်ရှိအချိန်ထိ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။ 

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့(Mawlamyine Rescue) က ကိုကောင်းဆက်လင်းက “ကျနော်တို့ တညလုံးလိုက်ရှာတယ်။ အကြောင်းမထူးလို့ ပြန်လာခဲ့လိုက်တယ်။ ရွာခံတွေကတော့ အကြောင်းထူးရင် ဆက်သွယ်ပေးမယ်လို့တော့ ပြောတယ်။ သူတို့ ပျောက်ဆုံးနေတာကတော့ တစ်ရက်ကျော်ပါပြီ။ ရေနစ်သေဆုံးသူတွေရဲ့ မိသားစုအားလုံးတော့ သိရှိပြီးပါပြီ။ မော်လမြိုင်ကပါပဲ” လို့ ပြောပါတယ်။ ဒါ့ကြောင့် စက်စဲကမ်းခြေသို့သွားရောက် ပျော်ပါးကြသူများအနေဖြင့် ရေအတိမ်အနက်ကိုသေချာ စမ်းစစ်ပြီးမှသာ ကူးသင့်တယ်လို့ အကြ့ပေးလိုက်ရပါတယ်။

Source – DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။