နိုဝင်ဘာ(၆)ရက်နေ့၊ဒီနေ့နေလည့်၁၁:၃၅အချိန်တွင် ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင်အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘိုကလေးမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ ရွှေငါးကြီးဂိတ်ရှိဆီဂိုဒေါင်တစ်ခုမှစတင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကနဦးသတင်းများအရသိရပါတယ်။ဆီဂိုထောင်စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်တဲ့အတွက်မီးကအရမ်းများတယ်လို့သိရပါတယ်။ဆီပေပါတွေပါပေါက်ကွဲပြီးမောင်ကောင်းဆန်စက်ကိုပါကူးဆက်လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၄)စီး၊ ဖျာပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ကျိုက်ပိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မော်ကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ဘိုကလေးအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၅)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်လို့သိရပါတယ်။ဘိုကလေးမြို့မီးလောင်ကျွမ်းမှုဟာအရမ်းများတာကြောင့်ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊မော်ကျွန်းနဲ့ဘိုကလေးမြို့အနီးအနားမြို့များမှမီးသတ်ကားများလာရောက်ငြိမ်းသတ်ပေးနေရတယ်လို့သိရပါတယ်။

ဒီနေ့ ၊နေ့လည့်၁၂း၃၀အချိန်မှာတော့မီးထိန်းနိုင်ခဲ့ပြီးနေ့လည်၁နာရီအချိန်မှာတော့မီးငြိမ်းသက်နိုင်ခဲ့ပါတယ်လို့မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ဆုံရှုံးမှုတန်ဖိုးအတိကျကိုတော့မသိရသေးဘူးလို့ဘိုကလေးမြို့နယ်မီးသတ်စခန်းမှသတင်းထုတ်ပြန်ထားပြီးဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန

Photo - ဌေးနိုင်ဝင်း (ဘိုကလေး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။