ပြည်သူချစ်အဆိုတော်အိမ့်ချစ်ရဲ့ One Lady Show ကို ပြီးခဲ့တဲ့ Nov 3 ရက်နေ့လပြည့်နေ့မှာ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး အားပေးသူပရိတ်သတ်များနဲ့ စည်စည် ကားကား သိုက်သိုက်ဝန်းဝန်းဖျော်ဖြေပွဲလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အိမ့်ချစ်က သူမရဲ့မောင်ဖြစ်သူ ကို ပွဲထုတ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက်တူတူ တစ်ခေတ်တစ်ခါက ဖခင်ဖြစ်သူ ဦးချစ် ကောင်းရဲ့ နာမည်ကြော်ကြားခဲ့တဲ့ “ ရေစီးကြောင်းသံယောဇဉ် ” ဆိုတဲ့သီချင်းလေးနဲ့ ဖျော်ဖြေ ခဲ့ကြပါတယ်။

အိမ့်ချစ်တစ်ယောက် Show ပွဲမှာ အရမ်း ကိုလှနေ ပါတယ်။ ဖခင်ဖြစ်သူဟာသူမရဲ့ One Lady Show ပွဲမှာပါဝင်ဖျော်ဖြေဖို့စီစဉ် ထား ပေမယ့် ပေါင်ကျိုး ထားတဲ့ ဒဏ်ကြောင့် မဖျော်ဖြေဖြစ်ခဲ့ပါဘူး။ သူမရဲ့မောင်လေးကို ပွဲ ထုတ်ပြီး ပရိတ်သတ်တွေနဲ့ ရင်းနှီးအောင် သီဆိုခိုင်းခဲ့ပါတယ်။ မောင်နှမနှစ်ယောက် အတူတူ ဖျော်ဖြေနေပုံကို ကြည့်ရတာ ကြည်နူးစရာပါပဲ။ လပြည့်နေ့လိုနေ့မျိုးမှာ တိုက်ဆိုင်တဲ့ ပွဲတွေ အများကြီးရှိပေမယ့် သူမရဲ့ One Lady Show ကို လာရောက်အားပေးတဲ့ ပရိတ်သတ်တွေ ကိုလည်းကျေးဇူးတင်ကြောင်း သူမကဆိုပါတယ်။

သူမရဲ့ One Lady Show ကိုကျင်းပဖို့ကို မနှစ်ကတည်းကကြိုးပမ်းခဲ့ရပေမယ့် သူမရဲ့ ဖခင် ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ 528 Show ပွဲကို သီဆိုဖြစ်လိုက်တာကြောင့် One Lady Show ကို ဒီနှစ်မှ အစီအစဉ်ဆွဲကာဖျော်ဖြေဖြစ်တယ်လို့လည်းသိရပါတယ်။ အိမ့်ချစ်ရဲ့ ပရိတ်သတ် တွေ အားပေးကြမ်းခဲ့တဲ့ သူမရဲ့ One Lady Show ပွဲလေးကတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြီးဆုံး သွားခဲ့ပါတယ်။ နောက်ဆုံးပိတ်သီချင်းအနေနဲ့ သူမက သူမရဲ့ဘဝအကြောင်းကို ရေးသားထား တဲ့ “ အောင်မြင်မှုနောက်ကွယ် ” ဆိုတဲ့သီချင်းလေးနဲ့ Show ပွဲကိုအဆုံးသတ်ခဲ့ပါတယ်။ ဖျော်ဖြေစဉ်အတွင်းမှာ သူမဘယ်လိုတွေလှနေလည်းဆိုတဲ့ ဖျော်ဖြေစဉ်ပုံရိပ်တွေကိုလည်း ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source from 7 Days TV

Photo – Pic Forward / Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။