ပတ္တမြားငမောက်ဆိုတာကတော့ မြန်မာနိုင်ငံသားတွေနှင့်မစိမ်းကားပါဘူး။ ပတ္တမြားငမောက်က ကြီးမားလွန်း လှပလွန်းလေပေသည်။ ပတ္တမြားငမောက်သည် မြန်မာနန်းတွင်းတွင်သာ ယခင်ကထားရှိခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို လာရောက်သိမ်းပိုက်စဉ်က ပါသွားသည်ဟ ုပညာရှင်အချို့က ယူဆကြသည်။

ယခုအခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်က ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းထံမှ ဗြိတိသျှ နယ်ချဲ့ဗိုလ်မှူးကြီးတဦး ခိုးယူသွားတယ်ဆိုတဲ့ နန်းစဉ်ရတနာအဖိုးတန် “ပတ္တမြား ငမောက်” ပြန်ရဖို့ သီပေါမင်းရဲ့ မြစ် တော်စပ်သူ ဦးစိုးဝင်းဟာ လန်ဒန်သို့ ရောက်ရှိကာ ကြိုးစားနေတယ်လို့ ဗြိတိန်အခြေစိုက် Express သတင်းကဆိုပါတယ်။ ဗြိတိသျှ နယ်ချဲ့တို့ မန္တလေး ရတနာပုံနေပြည်တော် ကို ဝင်ရောက် သိမ်းပိုက်စဉ်က ငမောက် အမည် ရတဲ့ ပတ္တမြားကို သီပေါမင်းက ဗြိတိသျှ နိုင်ငံရေး အရာရှိချုပ် ကာနယ်စလေဒင်ကို အပ်နှံထားရာမှာ ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတချို့ကဆိုပါတယ်။အခုအခါမှာတော့ အဆိုပါ ပတ္တမြားငမောက်ဟာ လန်ဒန်မျှော်စင်မှာရှိတဲ့ သရဖူမှာ ရှိနေတယ်လို့ အသက် ရ၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းက ယုံကြည်တဲ့အတွက် ပြန်ရဖို့ သူနဲ့အတူ သမိုင်းဆရာ ရုပ်ရှင်ဒါရိုက်တာ အဲလက်စ် ဘတ်စကိုဘီက ပူးတွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်းရဲ့ ရတနာပုံနေပြည်တော်ကို သိမ်းပိုက်ခဲ့သူ ကာနယ်စလေဒင်ဟာ ပတ္တမြားငမောက်ကို ယူဆောင်ပြီး ဝိတိုရိယ ဘုရင်ကြီးကို လက်ဆောင်းပေးခဲ့တယ်လို့ ကောလာဟလ များလည်း ထွက်ရှိခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ပြီးမှာတော့ အဆိုပါ ပတ္တမြားငမောက်က လူမြင်ကွင်းကနေ ပျောက်ဆုံးသွားခဲ့ရပါတယ်။ ဒါ့ကြောင့် ယခုအခါမှာတော့ သီပေါမင်းရဲ့ မြစ် တော်စပ်သူ ဦးစိုးဝင်းဟာ န်မာနိုင်ငံ၏အဖိုးတန်ပစ္စည်းဖြစ်သည့် ပတ္တမြားငမောက်ကိုပြန်ရရှိရန်ကြိုးပမ်းနေကာ မြန်မာနိုင်ငံသားတွေကလည်း ယူဆောင်နိုင်မည်ဟု ယုံကြည်ချက်တွေ ခိုင်မာလျက်ရှိနေသည်။

Source – Irrawaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။