ရုရှား သမ္မတ ပူတင်ကို မကျေနပ်လို့ ဆန္ဒပြသူတွေကို ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီး ခံခဲ့ရတဲ့ လူအရေ အတွက်ဟာ အယောက် ၄၀၀ ကျော်တယ်လို့လည်းသိရပါသေးတယ်။

ဆနွပြပွဲများကို နိုင်ငံအနှံ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြို့တော် မော်စကိုမှာ လူပေါင်း ၃၇၆ ဦး၊ စိန့်ပီတာစဘာ့ဂ်မြို့မှာ ၁၃ ဦးတို့အပါအဝင် နိုင်ငံတစ်ဝန်း လူပေါင်း ၄၁၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရလျက်ရှိပြီး နိုင်ငံရဲ့ လုံခြုံရေးကို လည်း တင်းကျပ်လိုက်ပြီလို့လည်း သိရပါတယ်။

ပူတင်ရဲ့ နိုင်လိုမင်းထက် အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ရန် ဆန္ဒပြပွဲ များပြုလုပ်ဖို့ အတိုက်အခံ နိုင်ငံရေးသမား ယာချီစလက်ဗ် က သူရဲ့ ဝက်ဆိုဒ်ကနေ တဆင့် တိုက်တွန်းခဲ့တာဖြစ်ပြီး ယခုလို တရားဝင်ခွင့် ပြုချက်မရှိတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ လူအများစုက ဓားတွေ၊ ရာဘာသေနတ်တွေ ကိုင်ဆိုင်ထားတဲ့ သူတွေ ဖြစ်တယ်လို့ ရုရှား မှာရှိတဲ့ TASS သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။