“ မုန်းစွဲ ” ရုပ်ရှင်ကားကို နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ အေးသောင်းနဲ့ တခြားအနုပညာရှင် တွေပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ သြရသဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့ အတွက် နေတိုးရဲ့ငယ်ဘဝကိုသရုပ်ဖော်ဖို့အတွက် ကလေးသရုပ်ဆောင်နှစ်ယောက်ကို နေ တိုးကိုယ်တိုင်တွေ့ဆုံပြီး ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်ဆိုတဲ့ အ မွှာညီကိုနှစ်ယောက်ကို နေတိုးကရွေးချယ်ခဲ့ပြီး ရုပ်ရှင်ကန်တော့ပွဲပေးအခမ်းအနားကို လည်း ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ နေတိုးနဲ့မင်းသွေးတို့ညီကိုနှစ်ယောက်ဟာ သွားအတူစားအတူ အမြဲတတွဲ တွဲနေလာတဲ့ characters မျိုးကိုသရုပ်ဖော်ရမှာဖြစ်ပြီး အပြင်လက်တွေ့ညီကိုဘဝနဲ့တော့ တော်တော်လေးကို ကွာခြားပါတယ်လို့ မင်းသွေးက Interview တစ်ခုမှာပြော ကြားခဲ့ပါ သေးတယ်။ လိုတာထက်ပိုပြီး စကားများများစားစားမပြောဖြစ်ပါဘူးတဲ့။ ငယ်ငယ်ကတည်းက ဒီပုံအတိုင်းနေလာတာမို့ သိပ်တော့မထူးဆန်းဘူးလို့လည်းဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ တော့ အပြင်မှာမတူတဲ့ Type တစ်ခုကို သရုပ်ဖော်ရမှာဖြစ်ပါတယ်။

Heavy Drama ဇာတ်ကားမျိုးဖြစ်တာမို့ ပရိတ်သတ်အကြိုက်ဖြစ်မှာပါ။ “ မုန်းစွဲ ” ဇာတ်ကား ကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်းကို ထပ်ဆင့်အကယ်ဒမီမင်းသားနေတိုးက သူ့ရဲ့ Facebook Account ကနေ တဆင့် Behind The Scene ပုံရိပ်တွေကိုတင်ထားပါတယ်။ ရုပ်ရှင်လော ကသားတွေဟာ ပရိတ်သတ်ကိုအကောင်းဆုံးချပြနိုင်ဖို့ နောက်ကွယ်မှာ ဘယ်လိုတွေကြိုး စားနေခဲ့ရတယ်ဆိုတာကို ပရိတ်သတ်ကြီးမြင်တွေ့နိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။