ပြည်တွင်းမှာ တရားဥပဒေစိုးမိုးဖို့ တာဝန်ရှိသူများအနေနှင့် ကြိုးပမ်းလျက်ရှိပါတယ်။ ယမန်နေ့ နိုဝင်ဘာ ၅ရက်က ထားဝယ်မြိုပတွင် သေနတ်များ ဖမ်းဆီး ရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ထိုင်းနိုင်ငံသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား တယောက်ဆီကနေ ပစ္စတိုသေနတ် တလက်၊ ကျည်ကတ်နဲ့ ကျည်ဆန်တွေ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီခွဲက စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ခလရ ၅၈၃ မှ တပ်မတော်သားတွေဟာ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ဝါတောကျေးရွာကို ရောက်ရှိစဉ် ဟိုင်းလတ်ယာဉ်နဲ့ ထိုင်းနိုင်ငံသား ပီချေ (၅၄ နှစ်)ပါ ထိုင်းအမျိုးသား ၃ ယောက်နဲ့ မြန်မာအမျိုးသား တယောက်တို့ကို မသင်္ကာတဲ့အတွက် စစ်ဆေးရာ ယာဉ်ပေါ်ပါအိတ်အတွင်းက အမေရိကန်နိုင်ငံထုတ် ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ကဒ် ၂ ခု၊ ကျည် ၂၄ တောင့်၊ ထိုင်းဘတ်ငွေ ၁၃၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့တာပါ။

ဖမ်းဆီးရမိသူ ထိုင်း ၃ ဦးနဲ့ မြန်မာ တဦးတို့ကို အမှုဖွင့်အရေးယူဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ထားဝယ်မြို့အပါအဝင် နယ်စပ်မြို့တွေမှာ တရားဥပဒေက စိုးမိုးမှုအားနည်းနေပါတယ်။ မြိတ်မှာလည်း သေနတ်ပြကာ ဘဏ်ကို သေနတ်နှင့်ခြိမ်းခြောက်ကာ လုယူမှုဖြစ်ပွားခဲ့သေးသည်။

Source – DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။