ပရိသတ်အချစ်တော် အဆိုတော် တစ်ဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီ ဖြစ်တဲ့ ပိုပို ကတော့ ပြင်ဦးလွင် တန်ဆောင်ပွဲကို သွားရောက် ဖျော်ဖြေခဲ့ပါတယ် ပရိသတ်ကြီးရေ။ ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်တဲ့ "ချစ်ဖူးခဲ့သမျှ" အခွေမှာတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ အမျိုးသမီးအဆိုတော်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

ပိုပိုဟာ ပရိသတ်တွေနဲ့လည်း ခင်မင်ရင်းနှီးစွာနေတတ်သလို အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း လူချစ်လူခင်ပေါများသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ တလောကတော့ ပိုပိုတစ်ယောက် သူမရဲ့ Fan page ကနေဆင့် တန်ဆောင်တိုင်ပွဲမှာ ဖျော်ဖြေဖြစ်ခဲ့ပုံကို ယခုလိုရေးသားထားတာ တွေ့ရပါတယ်။

"ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်မှာ အမိုက်စား ဖျော်ဖြေဖို့ Ready 

ခပ်ချေချေပဲ

#popo

#myanmarsinger

#wutyimoe" ဆိုပြီး ဖက်ရှင်ကျကျ လန်းနေတဲ့ သူမရဲ့ ဓာတ်ပုံလေးတွေကိုလည်း တွဲဖက်တင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ပိုပိုတစ်ယောက်က သူမချစ်တဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ တစ်ခါတစ်လေ သူမရဲ့ မိဘတွေနဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို သူမရဲ့ လူမှုစာမျက်နှာမှာ ရင်ဖွင့်တတ်ပြီး ပရိသတ်တွေကတော့ ချစ်တဲ့ သူမကို အမြဲအားပေးနှစ်သိမ့်ကြတာကိုလည်း တွေ့ရပါတယ်။ 

Source: Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။