အလှဖန်တီးရှင်တွေထဲမှာ ပရိတ်သတ်တွေအဝန်းရံခံရဆုံးအမျိုးသမီးကတော့ မထက်ပဲ ဖြစ်ပါတယ်။ သူမရဲ့လှပတဲ့ကောက်ကြောင်းတွေကြောင့် ပုရိသတွေပါးစပ်ဖျားမှာ တမ်းတမ်း စွဲဖြစ်နေခဲ့သူလေးပေါ့။ သူမလိင်ပြောင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး MRTV-4 က Let’s Talk အစီ အစဉ်မှာပြောပြပြီး မျက်ရည်မဆယ်နိုင်ဖြစ်ခဲ့ရပါသေးတယ်။ သူမရဲ့စေတနာနဲ့ အတတ်ပညာ စုပေါင်းပြီး ပြင်ဆင်ပေးထားတဲ့ Make Up လက်ရာလေးတွေကို Facebook ပေါ်မှာ တင်တတ် ပါသေးတယ်။ တကယ့်ကိုလှပတဲ့ ဖန်တီးမှုလေးပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက သူမက ချစ်သူဆီက Samsung Galaxy S8 ဖုန်းတစ်လုံးလက်ဆောင်ရလို့ ပျော်နေခဲ့ပါတယ်။ သူမရဲ့ဖုန်းအသစ်လေးနဲ့ အသားကျအောင် သေချာသုံးရတာတောင်မူးနော က်နေတာပဲ အဟောင်းလေးကိုလည်းလွမ်းတယ်လို့ စနောက်ပြီး Post တင်ထားပါသေးတယ်။ အလုပ်တွေမရပ်မနားကြိုးစားလွန်းသူမို့ သူမကိုယ်ကိုယ်ဂရုမစိုက်တာလေးတွေကို ပြန်လည်ပြီး ဂရုတစိုက်ပြုပြင်နေပုံရပါတယ်။

“ အိပ်ရေးမှန်အောင်ယော...gymမှန်အောင်ယော ပြန်ဂရုစိုက်နေရတယ်.... ” ဆိုတဲ့ Caption လေးနဲ့ သူမ Gym ကစားနေတဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ အရပ် ရှည်ရှည် ခန္တာကိုယ်လှလှ ရုပ်ချောချောနဲ့ မထက်ရဲ့ ပြောစရာမလိုတဲ့ အလှတရား တွေကို ပရိတ်သတ်ကြီးအတွက်လည်း ပြန်လည်ဝေမျှပေးချင်ပါတယ်။ Make Up မထက် တစ်ယောက် အစစ်မတွေထက်တောင် အများကြီးသာလွန်ပြီး ဘယ်လိုတွေ လှနေ လန်းနေ လည်းဆိုတာ ကြည့်လိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။