ပုရိသတွေအမြောက်အများဝန်းရံခံရတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်း တစ်ယော က်က တော့ ကဗျာဆန်ဆန်စာလေးတွေကို သူမရဲ့ခပ်လှလှပုံလေးတွေနဲ့ တွဲဖက်ပြီး တင် တတ်သလို စာလေး တွေသီးသန့်လည်း သူမရဲ့ Facebook ပေါ်မှာ တင်ထားတတ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့တစ်နေ့ တာကိုစာသားလေးတွေနဲ့ ခပ်နွဲ့နွဲ့လေးတင်လိုက်ပါတယ်။ သူမ ရဲ့ချစ်သူကိုလွမ်းတဲ့အကြောင်းကအစ ချီပြီး သူမညဆို စောစာအိပ်ဖြစ်တဲ့အကြောင်းလေးနဲ့ အ ဆုံးသတ်ထားပါတယ်။

သေချာတာကတော့ ခုလောလောဆယ်

-သူ့ကိုအတော်လွမ်းနေတယ်

-Remax earphone သူလိုချင်တယ်လို့ ပူဆာထားတယ်

-Samsung note 8 phone က ဓါတ်ဖမ်းလို့အတော်ကောင်းတယ်

-ဂန့်ဂေါမှာ ညဘက် အတော်အေးတယ်

-ရုပ်ရှင်ရိုက်ကွင်းထဲ စိတ်နှစ်ထားလို့တနေ့လုံး ဘယ်ဖုံးမှမကိုင်မိဘူး

-မနက်ဆို black hole ရဲ့ ဖန်သားနန်းတော်နားထောင်တယ်

-စောစောအိပ်ဖြစ်တယ် ဒီလောက်ပါပဲ ဆိုပြီး သူမရဲ့ Facebook မှာတင်ထားတာဖြစ်ပါတယ်။ သူမရဲ့သူငယ်ချင်းဖြစ်သူကလည်း Remax Earphone လိုချင်ကြောင်းနဲ့ Power Bank လိုချင် ကြောင်း Comment ပေးတဲ့အခါမှာ သူမရဲ့ချစ်သူကိုသာပေးမည်ဖြစ်ကြောင်း ပြန်လည်စနော က်ခဲ့ပါသေးတယ်။

အေးဝတ်ရည်သောင်းဟာ အသက် 30 ကျော်မှာ အနုပညာလောကကို ပြန်လည်ခြေချလာပြီး အောင်မြင်မှုရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာဆန်ဆန်အင်္ကျ ီလေးတွေကို အမြဲ လိုလိုဝတ်ဆင်တတ်ပြီး သူမရဲ့ခန္တာကိုယ်ကောက်ကြောင်းအလှနဲ့လည်း မြန်မာဝတ်စုံလေး တွေက လိုက်ဖက်တင့်တယ်လွန်းလှပါတယ်။ သူမရဲ့ချစ်သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ အခုထိ Official ချမပြသေးပါဘူး။ သူမရဲ့ချစ်ခွန်းဖွဲ့စာသားလေးတွေကတော့ Facebook ပေါ်မှာ မြင်တွေ့နေရတတ်ပါတယ်။ ပရိတ်သတ်ကြီးရော မအေးသောင်းချစ်သူ ဘယ်သူဆိုတာ သိချင်နေကြပြီလား။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။