နေတိုး၊ ရွှေထူးနဲ့ မိုးစက်ဝိုင်တို့ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “ ပက်ပက်စက်စက်ညို့ ” ဇာတ်ကားဟာ Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပြီး 7 Sense Film Production က ထုတ်လုပ်ရိုက်ကူးထားတာဖြစ်ပြီးရိုက်ချက်အလန်းစားတွေနဲ့ပရိတ်သတ် တွေဆီရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေထဲမှာ ဝါရင့် သရုပ်ဆောင်ဆိုလို့ ထပ်ဆင့်အကယ်ဒမီနေတိုးတစ်ယောက်ပဲ ပါရှိပြီး ကျန်တဲ့ ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ အဆိုတော်ရွှေထူးနဲ့ Miss မိုးစက်ဝိုင်တို့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုံကြီးကား ပဲဖြစ်ပါတယ်။

နှစ်ယောက်လုံးရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်လို့ တတ်နိုင်သမျှအကောင်းဆုံး ကြိုးစားထား တယ်လို့ ဆိုပါတယ်။ အဆိုတော်ရွှေထူးအနေနဲ့ ဘယ်လိုဝေဖန်မှုမျိုးကိုမဆိုလက်ခံတယ် လို့ဆိုထားပါတယ်။ Miss မိုးစက်ဝိုင်ကလည်း အကြံဉာဏ်လေးတွေပေးဖို့ ပရိတ်သတ်ကို တောင်းဆိုထားပါသေးတယ်။ ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အဓိကကျတဲ့အခန်း ကဏ္ဍမှာ ပါဝင်တဲ့အရာကတော့ ဇာတ်ဝင်တေးသီချင်း ပဲဖြစ်ပါတယ်။ “ ပက်ပက်စက်စက်ညို့ ” ရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းေတြကတော့ အဆိုတော် Jewel ရဲ့ “ Message ” ဆိုတဲ့ အ ဆွေးသီချင်းလေးနဲ့ ရွှေထူးကိုယ်တိုင်ရေးစပ်ထားတဲ့ Infinity ပဲဖြစ်ပါတယ်။

တကယ်ကိုခံစားစီးမျောလို့ကောင်းတဲ့ သံစဉ်အလှလေးတွေဖြစ်ပြီး ခံစားချက်ရှိတဲ့သူ အ တွက်ဆို မျက်ရည်တောင်ကျနိုင်လောက်ပါတယ်။ 2 ပုဒ်လုံးက တကယ့်ကို အ Feel တစ်လိုင်း ပဲနော်။ ဒီလိုအမိုက်စား ခပ်ဆွေးဆွေးသီချင်းကိုထည့်တယ်ဆိုတော့ ပရိတ်သတ်အကြိုက် Drama ဇာတ်ကားကောင်းလေးပဲဖြစ်မှာပေါ့နော်။ အမိုက်စားဇာတ်လမ်းလေး တစ်ပုဒ်ဖြစ် မှာအသေအချာပဲမို့ ရုံတင်ရင်ပရိတ်သတ် ကြီး အားပေးလိုက်ပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။