မကြာခင်မြင်တွေ့ရဖွယ်ရှိတဲ့ဒေ့ဗ်နဲစောငမန်းတွဲဆိုင်း

မြန်မာ့လက်ဝှေ ့လောကမှာ ပြသနာတစ်ခုရှိနေပါတယ်။

အဲ့တာကခါးပတ်တစ်ခုနိုင်ငံခြားသားဆီရောက်နေခြင်းပါ။

အဆိုပါခါးပတ်ဟာ ထွန်းထွန်းမင်းရှ ုံးလို့ ကနေဒါနိုင်ငံသား

ဒေဗ့်ကို ပေးလိုက်ရတာပါ။ဒေဗ့်တစ်ယောက်

အခုဆိုရင် မြန်မာ့လက်ဝှေ ့Promoterတောင်ဖြစ်နေပါပြီ။

ဂ ျပန်မှာသွားကစားတဲ့လက်ဝှေ့ပွဲတွေဆိုသူ ့ပွဲကိုခေါင်ပွဲ

အဖြစ်ထားကစားရတာပါ။

ထွန်းထွန်းမင်းကမြန်မာလက်ဝှေ ့နံပတ်တစ်ဖြစ်လို့

ထွန်းထွန်းမင်းရှုံးသွားတဲ့အခါဒေ့ဗ်ကိုစိန်ခေါ်မယ့်မြန်မာ့လက်ဝှေ ့သမား

မရျိသလောက်ဖြစ်သွားပါတယ်။ဖိုးကေသွားစိန်ခေါ်သေး

ပေမယ့်ဂျပန်မှာပဲအလဲထိုးခံလိုက်ရပါတယ်။

ဒေ့ဗ်နဲ့ဘယ်သူထိုးမလဲဆိုတာ မြန်မာ့လက်ဝှေ ့လောကမှာတော့

တကယ့်ပြသနာကြီးပါ။အခုတော့ဒေ့ဗေ်ကိုစိန်ခေါ်သူ

ပေါ်လာပါပြီ။သူကတော့မြန်မာပြည်ချန်ပီယံဟောင်းစောငမန်းပါ။

သူတို့နှစ်ယောက် ငြိနေကြတာတော့ကြာပါပြီ။တစ်ယောက်နဲ့တစ်ယောက်စကား

တွေအပြန်အလှန် စစ်ထိုးနေကြတာပေါ့။ပြီးခဲ့တဲ့အခေါက်ဂ ျပန်မှာထိုးဖို့စီစဉ်ထား

ပေမယ့် တွဲဆိုင်းမဖြစ်ခဲ့ပါဘူး။အခုတစ်ခါမှာတော့ စောငမန်းWLC ကြိုးဝိုင်း

ပေါ်ကနေ ဒေ့ ဗ်ကိုဒဲ့စိန်ခေါ်တာပါ။ဒေ့ ဗ်ကလည်းသူ့ရဲ့လူမှုကွန်ယက်ကနေ

"စိတ်မပူနဲ့ ငမန်းကြီးရေ တို့မကြာခင် တွေ့ကြအုန်းမှာကွာ

ငါ့နာမည် ခဏခဏ ရွတ်နေတာ ရပ်လို့ရပြီ

မင်းခုလိုစိန်ခေါ်တာ သတ္တိိရှိလို့ပေါ့ မင်းသတ္တိကို ငါလေးစားတယ်

ဒါမဲ့ သားကြီး သတ္တိရှိရုံနဲ့ မလုံလောက်ဘူး

မင်းနောက်ဆုံးထိုးသွားတဲ့ ပွဲတုန်းကထက် ပိုကောင်းအောင်လုပ်ပြမှ

ငါက အထင်ကြီး မိမှာ

အေး အဆင်သင့်ပြင်ထားပေါ့ကွာ

ငါမင်းကို မြန်မာ့လက်ဝှေ့ စစ်စစ် ဆိုတာကို ပြမယ်"တဲ့။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။