ချစ်တဲ့ပရိသတ်တွေရှိသလိုတစ်ချို့သောပရိသတ်တွေရဲ့တိုက်ခိုက်မှုတွေကြားကရှင်သန်ရပ်တည်နေတဲ့သမီးလေး(၃)ယောက်သားလေး(၁)ယောက်တို့ရဲ့လူစွမ်းကောင်းဖေဖေသရုပ်ဆောင်နိုင်လူပဲဖြစ်ပါတယ်။နိုင်လူဟာအနုပညာအလုပ်တွေမအားတဲ့ကြားကနေချစ်ရတဲ့မိသားစုလေးကိုလဲအချိန်ပေးပြီးခရီးလေးထွက်ဖြစ်နေတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလဲနိုင်လူတို့ပျော်စရာမိသားလေးဘယ်တွေခရီးထွက်နေလဲဆိုတာပရိသတ်တွေသိချင်နေလောက်မယ်ထင်ပါတယ်။

သရုပ်ဆောင်နိုင်လူဟာချစ်ရနဲ့ဇနီးသည်,သားသား,မီးမီးလေးတေနဲ့အတူပုဂံညောင်ဦးကိုသွားရောက်လည်ပတ်နေတာပဲဖြစ်ပါတယ်။သူရဲ့လူမှုကွန်ယက်မှာလဲ‘သမီးတွေသားတွေနဲ့အတူပုဂံညောင်ဦးသို့ရောက်ရှိနေပါတယ်’ဆိုတဲ့စာလေးနဲ့အတူချစ်စရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေမျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေရင်ကိုဖမ်းစားသွားတဲ့နိုင်လူရဲ့ချစ်စရာအရမ်းကောင်းတဲ့သမီးလေးခေတ်ဆည်းဆာလေးကိုလဲသိကြမယ်ထင်ပါတယ်။ဖေဖေမေမေတိုနဲ့အတူမိသားစုဘုရားဖူးခရီးစဉ်လေးမှာချစ်စရာအရမ်းကောင်းတဲ့သမီးလေးခတ်ဆည်းဆာလေးတစ်ယောက်လဲအရမ်းကိုပျော်ရွှင်နေပုံရပါတယ်။ခေတ်ဆည်းဆာလေးရဲ့ချစ်စရာပုံရိပ်လေးတွေဟာလဲလူမှုကွန်ယက်မှာပျံနှံ့နေပြီးပရိသတ်တွေအချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်နိုင်လူတို့မိသားစုဘုရားဖူးပုံရိပ်လေးတွေဟာလဲတကယ့်ကိုကြည်နူးစရာလေးပဲဖြစ်ပါတယ်။နိုင်လူဟာလက်တစ်လောမှာအနုပညာလုပ်ငန်းတွေလုပ်ရင်းခရီးလေးတွေလဲထွက်ဖြစ်နေပါတယ်လို့ဆိုပါတယ်။ရောက်တဲ့နေရာတိုင်းမှာလဲချစ်စရာကောင်းတဲ့သမီးလေးခေတ်ဆည်းဆာလေးကြောင့်မျက်နှာပွင့်နေရတာပဲဖြစ်ပါတယ်။သရုပ်ဆောင်နိုင်လူတို့မိသားစုရဲ့ပျော်ရွှင်ဖွယ်ဘုရားဖူးပုံရိပ်လေးတွေကိုလဲပရိသတ်တွေထပ်တူထပ်မျှကြည်နူးပျော်ရွှင်စေရန်အတွက်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - နိုင်လူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။