Fifty shade of freed ရုပ်ရှင်ရဲ့ teaser ပြီးခဲ့တဲ့တနင်္လလာနေ့ကထွက်ရှိလာခဲ့ပါပြီ။ Fifty shade တွေရဲ့ထုံးစံအတိုင်း ရင်ခုန်တိမ်းမူးယစ်စိတ်ကူးယဉ်စရာအချစ်ဇာတ်ဝင်ခန်းများနှင့်အတူ ခရစ်စတင်းနှင့် အန်နာတို့ကို တွေကမြင်ရမှာဖြစ်ပါတယ်။

Fifty shade of freed မှာဆိုရင် ဂျာမီဒေါ်နယ် ၊ ဒါကိုတာဂျွန်ဆင် ၊ ကင်ဘက်ဆင်ဂါ ၊ ရီထရာအိုရာ ၊ လုဂရင်းမ်းနှင့်အခြားသောသရုပ်ဆောင်များစွာပါ၀င်ထားကြပါတယ်။ ဒါရိုက်တာအဖြစ် ဂျိမ်းစ်ဖိုးလ် ကပြန်လည်ရိုက်ကူးပေးခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါ Fifty shade of freed ကိုထုံးစံအတိုင်း ရုံတင်ပြသနေကြအချိန်ကတော့ ၂၀၁၈ ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့)မှာဘဲဖြစ်ပါတယ်။

Fifty shade ရဲ့ Serial တွေထဲမှာမှ Fifty Shades Darker ကိုယခုနှစ် ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့)မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး box office မှာ ၀င်ငွေ ၃၈၁မီလျှံ အထိရရှိအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။စာရေးဆရာမ E. L. James ရဲ့ အဆိုပါ Fifty shade ရဲ့ Serial တွေဟာ စာအုပ်ထွက်ရှိကတည်းက အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်

Source - Eonline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။