Pond’s Men အနေဖြင့် မြန်မာနိုင်ငရဲ့ အကြီးမားဆုံး ပရိုမိုးရှင်း အစီအစဉ်များထဲမှ တစ်ခုဖြစ်တဲ့ နှစ်သစ်ကူး အထူးပရိုမိုးရှင်း အစီအစဉ်ကို ရန်ကုန်မြို့ ၊ မြန်မာပလာဇာတွင် နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နို၀င်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း Pond’s Men သုံးစွဲသူများအနဖြင့် Brand New Ford Everest ကားတစ်စီး၊ Brand New Ford Cab ကားတစ်စီး၊ iPhone 7 ခြောက်လုံးနှင့် ငွေသားထောင်ပေါင်းများစွာကို ကံစမ်းရယူနိုင်မည် ဖြစ်ပါတယ်။ 

သုံးစွဲသူများအနေနဲ့ 100 ဂရမ် Pond’s Men မျက်နှာသစ်ဆပ်ပြာကို ၀ယ်ယူပြီး ခဲခြစ်ကံစမ်းမဲကို ကံစမ်းနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ iPhone နှင့် Ford ကား ကံထူးသူများ အနေနဲ့ကတော့ Unilever Pond’s Men ရုံးကို တိုက်ရိုက်ဆက်သွယ်ပြီး အတည်ပြုဖို့ လိုအပ်ပါတယ်။ ဆုများ မထုတ်ယူခင် ပေါက်မဲများကို သိမ်းထားရန် လိုအပ်ပြီး ဆုထုတ်ယူရန် နောက်ဆုံးနေ့မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဖြစ်ပါတယ်။ 

အခမ်းအနားတွင် Brand Ambassador နိုင်းနိုင်းနှင့်အတူ “Pond’s Men အောင်မြင်မှု၏ ပုံရိပ်ရှင်” ပြိုင်ပွဲမှ အနိုင်ရသူ သုံးဦးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ “များများကံစမ်းလေ ကံထူးနိုင်ဖို့ အခွင့်အရေးများလေ ဖြစ်တာကြောင့် မိမိနဲ့ နီးစပ်ရာ ချစ်သူခင်သူ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ဒီအစီအစဉ်အကြောင်း ပြောပြပေးဖို့နဲ့ ကိုယ်တိုင်လည်း ကံထူးရှင် ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်” လို့ နိုင်းနိုင်းမှ ပြောသွားခဲ့ပါတယ်။

သတင်းအရင်းအမြစ်/ ဓါတ်ပုံ - Pond’s Men  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။