ကင်ဂျုံအွမ်း ရဲ့Googleမှာဝင်ရောက်ရှာဖွေမှုမှတ်တမ်းကိုFBIမှဖော်ထုတ်ခဲ့ပါတယ်။ကင်ရဲ့ရှာဖွေမှုမှတ်တမ်းတွေဟာဆိုရင်သူ့ရဲ့တစ်ချိုကသောအလွန်ဆိုးရွားလှတဲ့မူလပင်ကိုယ်ရှိတဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေပါတယ်။ကင်ဟာ ဆွစ်ဇာလန်မှာ ပညာသင်ယူနေစဉ်အခါက Computer game အလွန်အကျွံ့ကစားခြင်းနဲ့ အင်တာနက်အသုံးပြုခြင်းတွေနဲ့သာအချိန်ကုန်ခဲ့ပါတယ်။သူငယ်ချင်းအပေါင်းသင်းနည်းပါးလွန်းသောကြောင့်လည်းဖြစ်ပါတယ်။ 

အဲ့အချိန်တုန်း ကင်အင်တာနက်အသုံးပြုမှုမှတ်တမ်းကို စစ်ဆေးတဲ့အခါမှာတော့ စိတ်ဝင်စားစရာတွေကို တွေ့ရှိခဲ့ရပါတယ်။အဲ့ဒါကတော့သူ့နာမည်ကိုသူပြန်ရှာဖွေတာဘဲဖြစ်ပါတယ်။ရှာဖွေမှုအများဆုံးလည်းဖြစ်ခဲ့ပါတယ်။နိုင်ငံတကာမှစိတ်ဝင်စားစရာတွေထက်သူ့အကြောင်းပါတဲ့ဆောင်းပါးတွေအကြောင်းအရာတွေကိုသာပိုစိတ်ဝင်တစားရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။တစ်ခါတစ်လေမှာ သူနဲ့ပတ်သတ်ပြီးဗလေဗဇာသတင်းတွေ ရုပ်ပုံတွေ ကိုလည်းရှာဖွေ တွေ့ရှိသေးတာလည်းဖြစ်ပါတယ်။ 

တရုတ်ပြည်မှ အင်တာနက်အသုံးပြုသူတွေကတော့ ကင့်အား “Fatty Kim the Third”နာမည်ပြောင်နဲ့ခေါ်ဝေါ်ကြပါတယ်။အဲ့သည့်အခါမှာတော့ကင်က ထိုတိုင်းပြည်မှသက်ဆိုင်သူများအား အဆိုပါ စကားလုံးအား ပယ်ဖျောက်ပေးရန်တောင်းဆိုခဲ့ပါ တယ်။ အဆိုပါတောင်းဆိုမှုအား တရုတ်အစိုးရမှသဘောတူကာ “Golden Three Fat” ဆိုသည့်အမည်ပြောင်အား ပြောင်းလဲသုံးစွဲစေခဲ့ပါတယ်။

Source - koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။