အနုပညာပျိုးခင်းက စင်တင်မင်းသမီးအဖြစ် လူမင်း ၊ ခန့်စည်သူ တို့ ကနဦး ရွေးချယ်လိုက်တဲ့သူလေးတွေကတောအိချောပို ၊ ယုသန္တာတင် နဲ့ ရွှေမှုန်ရတီ တို့ပဲဖြစ်ပါတယ်။

သူမတို့(၃)ယောက်ဟာ ရုပ်ရည်နဲ့ သရုပ်ဆောင်မှုပိုင်းမှာ အပြစ်ပြောစရာမရှိအောင်အရည်အချင်းရှိသူတွေဖြစ်ကြပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိခဲ့ပါတယ်။

စင်တင်မင်းသမီးအဖြစ် အနုပညာလောကထဲ ၀င်ရောက်လာတဲ့ အိချောပို ၊ ယုသန္တာတင် နဲ့ ရွှေမှုန်ရတီ တို့ဟာ လက်ရှိအချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိထားပါပြီ။

အသက်ငယ်ဆုံးထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ ရွှေမှုန်ရတီကို တော့ မသိတဲ့သူမရှိသလောက်မို့ သူ့ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်းကြိုက်ကြမှာပါ။ အသက်ငယ်ပေမယ့် အနုပညာပါရမီအပြည့်ပါတဲ့ သူမဟာ ၀င်ငွေအကောင်းဆုံးမင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေနဲ့အတူ နာမည်ကြီးလာပါတယ်။

အကိတ်လေးလို့ တင်စားကြတဲ့ သရုပ်ဆောင် အိချောပိုကလည်း ရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေပြီး သဘာဝကျကျ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။

မဟာဆန်တဲ့အလှတွေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုတွေရရှိထားသူကတော့ သရုပ်ဆောင် ယုသန္တာတင်ဖြစ်ပြီး သူမကတော့ လက်တလောအနုပညာလှုပ်ရှားမှုတွေနည်းနေပြီး ခရီးတွေဆက်တိုက်ထွက်နေတာတွေ့ရပါတယ်။

နောက်ထပ် တစ်သုတ်မှာ ရွေးချယ်ခံရတဲ့ စင်တင်မင်းသမီးကတော့ အနုပညာလောကနဲ့အချိန်အကြာကြီးအဆက်ပြတ်သွားတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုပါ။ ဆရာဝန်မလေးဖြစ်တဲ့ ပိုင်ဖြိုးသု ကတော့ ချစ်စရာကောင်းပြီး ဇာတ်ရုပ်ပီပြင်တဲ့မင်းသမီးတစ်လက်ပါပဲ.။ နေဝင်အိပ်တန်းတက်ဇာတ်ကားကြီးမှာလည်း သူမကို ပရိသတ်တွေက အကယ်ဒမီမှန်းထားကြပါတယ်။

ကဲ ဘယ်သူ့ကို အချစ်ဆုံးလဲ။ 

Source : Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။