ပြည်သူ့အချစ်တော်မင်းသာချော ပိုင်ဇေရဲထွန်းဟာဆိုရင် ခုချိန်ထိကိုစွဲဆောင်မှုရှိစွာနဲ့ ပရိ တ်သတ် တွေကြားမှာရေပန်းစားနေတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်း တဲ့ မိသားစုဘ၀ လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားသမီးသုံးယောက်တို့ရဲ့ ဖေ ဖေလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ မိသားစုလိုက်ချောင်းသားကမ်းခြေကို အပန်း ဖြေအနားယူဖို့ ရောက်ရှိနေကြတာ ပဲဖြစ်ပါတယ်။ ချောင်းသာကိုသွားတဲ့လမ်း တစ်လျှောက် မှာလဲ မိသားစုအလှဓာတ်ပုံ Group Selfie လေးတွေရိုက်ကူးကြပါတယ်။ ဒီလိုရိုက်ကူးတဲ့ ဓာတ်ပုံထဲမှာ ပိုင်ဇေရဲထွန်းတို့အိမ်ရဲ့ ဝေယျာဝစ္စဝိုင်း ကူညီပေးတဲ့ အမျိုးသမီး တစ်ယောက် ဟာ ကားနောက်ဆုံးခုံတန်းမှာရှိနေတာမို့ မထင်မရှားဝိုးတဝါးနဲ့ ပါလာပါတယ်။

ဒါကို ပရိတ်သတ်အချို့ကအမြင်မှားပြီး ပရလောကသားထင်ကာ မိသားစုအတွက် စိတ်ပူပေး ခဲ့ကြပါ သေးတယ်။ ဒါအကြောင်းအရာကို မင်းသားပိုင်ဇေရဲထွန်းရဲ့ဇနီးဖြစ်သူ မဇင်သဲနိုင် (ခ) သဲသဲက ဒါဟာ လူဖြစ်ကြောင်း သရဲမဟုတ်ကြောင်း အိမ်ဝေယျာဝစ္စကူပေးသူဖြစ်ကြောင်းကို Facebook ပေါ်မှာ Post တင်ကာ ပြန်လည်ရှင်းပြခဲ့ပါတယ်။ “ ရှင်းကာမှရှုပ် ” ဆိုတဲ့ စကားအတိုင်းပဲ လူတစ်ချို့ရဲ့ မယောင်ရာ ဆီလူးစကားလုံးတွေကြောင့် မလိုအပ်ပဲစိတ်အနှော က်အယှက်တွေဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမှာ ထိုင်တဲ့ အမျိုးသမီးဟာ အမှန်တကယ်မှာ အများထင်သလို ကလေးတစ်ယောက်မဟုတ်ပဲ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ် ယောက်သာဖြစ်ပါတယ်။ ဝေဖန်သူတစ်ချို့ဟာ အိမ်အကူမို့ နောက် ဆုံးမှာထိုင်ခိုင်းတယ် မဇင်သဲနိုင်ရဲ့ သားသမီးတွေနဲ့ တန်းတူမထားပဲ အဆင့်အတန်းခွဲခြားတယ်ဆိုပြီး စွပ်စွဲပုတ် ခတ်ခဲ့ပါ တယ်။ ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူဟာ မလိုသူတွေပြောတဲ့စကားတွေကို Screen Shot ရိုက်ပြီး Facebook ပေါ်တင်လိုက်ပါတယ်။

ကျမသည်းခံနိုင်စွမ်းမကောင်းဘူး FB ပေါ်မှာစောင်ဆရာကြီးတွေ စောင်ဆရာမကြီးတွေတယ် များပါလား ဘေးထိုင်ဘုပြောဝေဖန်အတင်းတုတ်နေသူတွေ လက်တွေ့ဘဝမှာကိုယ်မိသားစု ကိုယ့်ပတ်ဝန်း ကျင်အတွက်ဘယ်လိုအကျိုးပြုနေကြသလဲသိချင်စမ်းပါဘိ ” ဆိုတဲ့ Caption နဲ့အတူ တင်လိုက်တာ ဖြစ်ပါတယ်။ Facebook ဟာ မြန်မာပြည်မှာကျယ်ပြန့်လာတာနဲ့အမျှ လူတိုင်းနီးပါး အသုံးပြုလာတာ ပဲဖြစ်ပါတယ်။ လူတန်းစားပေါင်းစုံအသုံးပြုတာမို့ စကားလုံး ပေါင်းများစွာဟာလည်းရှိနေပါတယ်။ အခြေအနေအရပ်ရပ်ကို သေချာမသိပဲ မြင်တာနဲ့ ဝေ ဖန်တတ်တဲ့ လူတန်းစားတွေကလည်း အမြဲရှိနေဦးမှာပါပဲ။ အနုပညာအသိုင်းအဝိုင်းနဲ့ မကင်းသူတွေအဖို့တော့ ဒါဟာအမြဲရင်ဆိုင်သွားရမယ့် အခက်အခဲတစ်ခုလို ဖြစ်နေမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။