နိုဝင်ဘာ ၆ ရက်က မနေ့က သထုံမြို့နယ် အလံတစ်ရာနယ် မြေတွင် ဘာသာရေးအကြောင်းပြကာ အသက် မပြည့်သေးသည့်မိန်းကလေးများကိုဖျက်ဆီးသည်ဟုတိုင်ကြားခံရသောခွန်တန်၏အမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်ကြားသူမိသားစုဝင်များကိုမွန်ပြည်နယ်လွှတ်တော်၌ကြားနာစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ရိုးသားတဲ့တိုင်းရင်းသားတွေရဲ့ဘာသာတရားယုံကြည်မှုအပေါ်ဘာသာရေးမှိုင်းတိုက်အခွင့်ကောင်းယူပြီးတိုင်းရင်းသူမိန်းကလေးများကိုဖျက်ဆီးနေမှုကိုဖော်ထုတ်အရေးယူပေးရန်တိုင်ကြားစာများနှင့်ပတ်သက်ပြီးခွန်တန်လက်ထပ်ခဲ့တဲ့မိန်းကလေးနှစ်ဦးဖခင်ဦးဝင်းညွန့်၊ခွန်တန်နှင့်လက်ထပ်ခဲ့သောအမျိုးသမီးငယ်အချို့၏မိသားစုဝင်အချို့၊မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့၊လူကုန်ကူးအဖွဲ့တို့က ကြားနာစစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။ 

ကော်မတီကိုတိုင်ကြားထားတဲ့တိုင်စာနှစ်စောင်ရဲ့တိုင်ကြားသူကာယကံရှင်အဖေအာလုံးစုစုပေါင်း(၆)ဦးလာခဲ့ပြီး သူတွေရဲ့ပြောကြားချက်တွေကိုနားထောင်ပေးခဲ့ပါတယ်လို့ ခွန်တန်အမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နစ်နာ သူများဘက်မှ ဆောင်ရွက်ပေးနေ သူ မွန်ပြည်နယ်လွှတ်တော်အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ် ခိုင်ခိုင်လဲ့က ပြောပါတယ်။လွှတ်တော် ရဲ့ ဆောင်ရွက်ချက်တွေကိုတော့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ဘောင်ထဲကနေ လုပ်ဆောင်သွား မှာဖြစ်ပြီးကော်မတီတွင် ခွန်တန်ကိစ္စ နှင့်ပတ်သက်၍ တိုင်ကြားစာနှစ် စောင်ရှိပြီး ဆောင်ရွက်ချက်အားလုံးကို လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဒေါ် ခိုင်ခိုင်လဲ့မှဆိုပါတယ်။ 

ခွန်တန်(ခ)ဇာတ်လိုက်ဟာအသက် (၂၅)နှစ်ခန့်ရှိပြီး အလံတစ်ရာဆရာတော် ဝင်စားသည်ဟု ဒေသခံအချို့က ယုံကြည်ကိုးကွယ်နေခြင်းဖြစ်ပါတယ်။ အဲ့ဒီယုံကြည်ကိုးကွယ်မှုကို အခွင့်ကောင်းယူကာ ၂၀၁၄ မှ ၂၀၁၆ အတွင်း အလံတစ်ရာဒေသရှိ မိန်းမပျိုခြောက်ဦးကို ခွန်တန်ကလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။။၎င်းဒေသတွင် ကျေးရွာ၁၂ရွာရှိပြီးပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်ကြတယ်လို့မွန်ပြည်နယ်ပအိုင်းတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်စံဝင့်ခိုင်ကဆိုသည်။လက်ရှိမှာတော့ခွန်တန်(ခ)ဇာတ်လိုက်အပါအဝင်အမျိုးသားခုနစ်ဦးကိုအတင်းအဓမ္မပေါင်းသင်းရန်ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုးယူမှုပုဒ်မ ၃၆၃၊ပူးပေါင်းပါဝင်သူများကိုအားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့်သထုံမြို့မ ရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်က အမှု ဖွင့်လှစ်ထားကြောင်း သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောပါတယ်။ ခွန်တန်နဲ့အပေါင်းအပါများကိုတော့အခအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိ သေးဘူးလို့သိရပါတယ်။

သတင်းအရင်းအမြစ် - သန္တာလှိုင်(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။