မန်ချက်စတာယူနိုင်တက်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ချယ်ဆီးကိုရှုံးထားခဲ့ပါတယ်။ မိုရာတာ၏ တစ်လုံးတည်းသော ဂိုးကြောင့် ရှုံးခဲ့ရတာပါ။ ဒါ့အပြင် မန်ချက်စတာယူနိုင်တက်အသင်းက ထိပ်ဆုံးက မန်စီးတီးနှင့် အမှတ်တော်တော်ကွာဟလာပါပြီ။ မန်စီးတီးအသင်းက ရှုံးပွဲမရှိဘဲ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ 

ဒါ့ကြောင့် မန်ချက်စတာယူနိင်တက်အသင်း၏ နည်းပြ မော်ရင်ဟိုက မန်စီးတီးနှင့်အမှတ်ကွာဟနေသည့်အတွက် စိုးရိမ်နေပါတယ်။ ထိုကိစ္စနှင့်ပတ်သတ်၍ မော်ရင်ဟိုက “အခု မန်စီးတီး နဲ့ အမှတ်ပြတ်နေပါပီ ။ ဒီအတွက် ကျွန်တော် စိတ်ပူမိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့က အဆင့် ၂ မှာပါ ။ ကျွန်တော့ထက်ပိုပြီး စိတ်ပူရမယ့် အသင်းက ၁၈ သင်းရှိပါသေးတယ်” လို့ပြောပါတယ်။  

ဒါ့အပြင် မော်ရင်ဟိုက “ပရီးမီးယားလိဂ် မှာ ၈ မှတ်ကွာနေတယ်ဆိုတာက ပေါ်တူဂီ ၊ လာလီဂါ ၊ ဘွန်ဒစ်လီဂါ တို့မှာ ၈ မှတ်ကွာဟ နေတာနဲ့ မတူပါဘူး ။ ဒီမှာ ၈ မှတ်ကွာနေတယ်ဆိုပေမယ့် ကစားဖို့ ပွဲတွေအများကြီး ကျန်နေပါသေးတယ် ။ နိုဝင်ဘာနောက်ပိုင်း ၊ ဒီဇင်ဘာ နဲ့ ဇန်နဝါရီအစပိုင်းတွေမှာ ပွဲတွေ အများကြီးဆက်ပြီး ကစားကြရမှာပါ ။ ဒီအချိန်မှာ ပေါ့ဘာ ၊ ရိုဟို ၊ ဇလာတန် တို့နဲ့ အင်အားအပြည့်ပြန် ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ် ။ ရနိုင်သမျှ အမှတ်တွေ စုဆောင်းသွားမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။