မနေ့ညကခရိုဒန်ပြည်နယ် ဂရေ့တောင်ကုန်းနားတွင် ယာဉ်ရှစ်စီးဆက်တိုက်တိုက် မှုမှာ လူလေးဦးအားဆေးရုံသို့ ပို့လိုက်ရတာဖြစ်ပါတယ်။အဆိုပါယာဉ်ရှစ်စီးတွင် ပေါင်၄သိန်းခွဲတန်ဖိုးရှိသော ဖာရီရာကားတစ်ဦးလည်းပါ၀င်ခဲ့ပါတယ်။အခြားသောသူများမှာအသက်အန္တရာယ်ရှိလောက်တဲ့အခြေအနေမျိုးမဖြစ်ပွားခဲ့ပါလို့ပြောကြားထားပါတယ်။ယာဉ်တိုက်မှုအတွင်းကားထဲမှာ ပိတ်မိသူတွေမရှိခဲ့တာလည်းဖြစ်ပါတယ်။

အသေးစားထိခိုက်ဒဏ်ရာရသူရှစ်ဦးနှင့်တကွ လည်ပင်းနှင့်ကျောရိုးထိခိုက်ဒဏ်ရာရသူလေးဦးအားဆေးရုံသိုကအချိန်မှီပို့ဆောင်ပေးခဲ့ကြပါတယ်။အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သတ်ပြီးရှာလီမှာနေထိုင်ပြီးRoyalRussellSchoolမှာရေကူသင်တန်းဆရာလုပ်သူက အဆိုပါလမ်းကိုမကြာခဏသါားလာနေသူလည်းဖြစ်ပါတယ်လိုကပြောကြားထားပါတယ်။

အခြားသောအမျိုးသမီးတစ်ဦးကလည်း အဆိုပါ Gravel Hillမှာ လမ်းအသစ်ထပ်မံဖောက်လုပ်ထားတဲ့အတွက်ယာဉ်လမ်းကြောရှုပ်ထွေးပြီး ယာဉ်မတော်တဆဖြစ်မှာစိုးရိမ်ကြောင်းဖြေကြားထားပါတယ်။အဆိုပါယာဉ်တိုက်မှုကြောင့် ရစရာမရှိအောင်ဆုတ်ပြတ်သွားသော တန်ဖိုးကြီး ဖာရီရာကားအားနျမျောတသစွာမြင်တွေကရမှာဖြစ်ပါတယ်။

Source – metro.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။