၂၀၁၈ ကမ္ဘာ့ဖလားကတော့ နီးကပ်လာပါပြီ။ လက်ရှိအချိန်မှာ အသင်းအချိုပလည်း ၀င်ခွင့်ရထားပါပြီ။ အခြား Play-Offတွေ ကန်ဖို့လည်း ရှိပါသေးတယ်။ ခြေစစ်ပွဲအောင်တဲ့ အသင်းများကတော့ ပျော်ရွှင်မှုတွေနှင့် ပီတီဖြာနေပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားကတော့ ရှရှားမြေမှာ ကျင်းပသွားမှာပါ။ ခြေစစ်ပွဲအောင်ခဲ့တဲ့ အသင်းအချို့ကတော့ ဂျာစီတွေကိုဖော်ပြခဲ့ပါတယ်။ ဂျာစီတွေကတော့ ရှေးခေတ်များကို ပြန်သွားတာတွေ့ရမှာပါ။ ဒီဇိုင်းတွေက ၂၀၀၀ပြည့်နှစ်မတိုင်ခင်က ဒီဇိုင်းတွေနှင့်ဆင်ပါတယ်။ 

စပိန်ကတော့ ထုံးစံအတိုင်း ရိုးရာအနီကို သုံးထားပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီကတော့ အဖြူရောင်ဝတ်စုံပါ။ ဘယ်ဂျီယံကလည်း အနီရောင်ဂျာစီပါပဲ။ မက္ကဆီကိုကတော့ ထုံးစံမပျက် အစိမ်းရောင်ကို ၀တ်ဆင်သွားမှာပါ။

Mg Lu Aye 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။