လောကကြီးမှာ ရုပ်မလှပေမဲ့ စိတ်ထားလှတဲ့ သူတွေရှိပြီး ယခုဖြစ်ရပ်လေးကတော့ ရုပ်လှပြီးတော့ စိတ်ထားမလှတဲ့ သူတယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုင်းမှုခင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့မှာ ထိုင်းအလှမယ်ဆုရဖူးသူ ကရစ္စနား မိုနာရဲ့ နေအိမ်မှာ အိမ်ဖော်အလုပ်လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ပျောက်ဆုံးသွားတဲ့ မိန်းကလေးတဦးရဲ့ အရိုးစုလို့ယူဆရတဲ့ဟာတွေကို အလှမယ်ရဲ့ မိခင်ဖြစ်သူ၏ ခြံဝင်းထဲမှာ မြုပ်နှံထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။အိမ်ဖော်ကောင်မလေးဟာ အသက် ၁၆နှစ်သာ ရှိသေးပြီး အသက် ၄၅နှစ် အရွယ် အလှမယ် ရဲ့ နေအိမ်မှာ အလုပ်လုပ်ရင်း ပျောက်ဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်သိပြည်သူတဦးကလည်း မိန်းကလေး မသေဆုံးခင် အလုပ်ရှင်ခိုင်းတဲ့အတိုင်း မလုပ်တဲ့အတွက် စပရေးမှုတ်ဆေးဘူးနဲ့ မျက်နှာကို ပစ်ပေါက်ခံရပြီး ဒဏ်ရာပြင်းစွာ ရရှိခဲ့ကြောင်း၊ အလုပ်ရှင်က ဆေးရုံကို မပို့ပေးတာကြောင့် အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားပြီး လူသိမှာစိုးလို့ မိန်းကလေးရဲ့အလောင်းကို အလှမယ်က ဖစ်ချ်ပူရီမြို့ နောင်ဆွန်ရပ်ကွက်ရှိ သူမမိခင်အိမ်ဝင်းထဲ သွားမြှုပ်ထားတဲ့အကြောင်း အိမ်ဖော်မိန်းကလေးရဲ့ မိခင်ဖြစ်သူကို ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိချိန်တွင် အမှု နှင့် ပတ်သက်သူများသည် ထွက်ပြေးတိမ်းရှောင် လျှက်ရှိပြီး အရိုးစုများသည် အိမ်ဖော်ကောင်မလေး ၏ အရိုးစုဟု အတည်ပြုနိုင်ပါက တရားခံများကို ဖမ်းဆီးရန် အခက်အခဲ မရှိကြောင်း ကို ထိုင်းရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒု-ရဲချုပ် ထိတီရတ် နောင်ဟန်ဖိထတ်က က ပြောကြားခဲ့ပါတယ်။ 

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။