ဘရစ်တနီသည် နိုဝင်ဘာ ၄ ရက် တွင် လာ့စ်ဗီးဂတ်စ်မြို့၌ Nevada Childhood Cancer Foundation ၏BritneySpearsCampusဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါတယ်။ အမေရိကန်အဆို တော် ဘရစ်တနီစပီးယားသည် လာ့စ်ဗီးဂတ်စ်မြို့တွင် ကလေး များအတွက် ကင်ဆာဖောင်ဒေး ရှင်းစင်တာကို ဖွင့်လှစ်ခဲ့ပါတယ်။ 

ဘရစ်တနီစပီးယားသည်သူမ၏PlanetHollywoodဂီတဖျော်ဖြေပွဲလက်မှတ်ရောင်းရငွေများမှ ဒေါ်လာတစ်သန်းကို အဆိုပါကလေးငယ်များ ကင်ဆာ ဖောင်ဒေးရှင်းစင်တာအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

Nevada Childhood Cancer Foundation (NCCF) ဟာဆိုရင်ပရဟိတသလုပ်ငန်းတွေကိုလုပ်ကိုင်နေသော အဖွဲကအစည်းတစ်ခုဖြစ်ပြီး ပရဟိတလုပ်ငန်းစဉ်ပေါင်း၄၅ခုထက်မနည်းလုပ်ကိုင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။အဆိုပါအဖွဲ့အစည်းဟာဆိုရင် ကင်ဆာ ၊ HIV / AIDS စသည့်ရောဂါခံစားနေရသူများသာမက အခြားသောကျန်းမာရေးချိုကတဲ့သူများကိုပါ ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ၊ပညာရေးဆိုင်ရာ နှင့် ငွေကြေးဆိုင်ရာပြသနာများကိုပါ ကူညီထောက်ပ့့ပေးနေတာလည်းဖြစ်ပါတယ်။

Source – self.com , Justjared , 7day daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။