အဆိုတော်ဖြူဖြူကျော်သိန်းဆိုတာ အသံသြဇာကောင်းကောင်းနဲ့ ပရိတ်သတ်တွေကြား ရေပန်း စားနေတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ Fashion အဆန်းတွေနဲ့ အသံသြဇာကောင်းကောင်းတွေကြောင့် အများနဲ့မတူပဲ တစ်မူထူးခြားနေတဲ့ Celebrity တစ် ယောက်ဖြစ်နေတာပေါ့။ သူမရဲ့အဝတ်အစား အပြင်အဆင်လေးတွေက အမြဲတမ်းဆန်းသစ် နေပြီး မျက်စိထဲမှာ ထင်းကနဲမြင်သာစေတဲ့ ပုံစံမျိုးတွေပဲ အများစုတွေ့ရတတ်ပါတယ်။ Galaxy Star 2017 ပွဲမှာလည်း ပါဝင်ကူညီခဲ့တဲ့ အကဲဖြတ်ဒိုင်လူကြီးတစ်ဦးလည်းဖြစ်ပါ တယ်။

သူမဟာ ဒီလထုတ် မြင်ကွင်းမဂ္ဂဇင်းရဲ့ Role Model ကဏ္ဍမှာလည်း ဓာတ်ပုံပါဝင်ရိုက် ကူးထားပါ သေးတယ်။ သူမရဲ့ Role Model ဘယ်သူဖြစ်မယ်ဆိုတာကိုလည်း ပရိတ်သတ် တွေကို ခန့်မှန်းခိုင်း ခဲ့ပါသေးတယ်။ သူမရိုက်ကူးထားတဲ့ အလှပုံတွေကတော့ တကယ့်ကို အမိုက်စားတွေပါပဲ။ အာရှသူ တော်တော်များများက အသားအရည်ကို ဖြူဖြူဝင်းဝင်းကြိုက်ကြ များလို့ Make Up ကိုလည်း မျက်နှာဖြူဝင်းစေမယ့် အရောင်မျိုးတွေကိုပဲ ရွေးချယ်ပြီး သုံးလေ့ ရှိကြပါတယ်။ ဖြူဖြူကတော့ ဒါနဲ့ဆန့်ကျင်ဖက် Make Up ကိုအညိုရောင်ခြယ်သပြီး အလှ ဓာတ်ပုံအချို့ကိုရိုက်ကူးခဲ့ပါတယ်။ အညိုစင်လေးနဲ့လည်း ဖြူဖြူက အရမ်းကိုလှနေတာပါ။

သူမရိုက်ထားတဲ့အလှဓာတ်ပုံတွေကို Facebook ပေါ်မှာတင်ခဲ့ပါတယ်။ အဖြူရောင်ကုတ် အင်္ကျ ီ ကိုမှ လက်အဖောင်းလေးပါပြီး အောက်က Style Pen ကို ကျကျနနဝတ်ဆင်ထား ပါတယ်။ ထပ်မံပြီး နေဗီပြာရောင်ဂါဝန်ဒူးဖုံးလေးနဲ့ Cute Type ရိုက်ကူးထားပါတယ်။ အဝါနဲ့ ကျားသစ်ကွက် ရောယှက် ထားတဲ့ မာဖလာလေးကိုပတ်ကာ လယ်သာကုတ်အင်္ကျီကို ဝတ်ဆင်ပြီး အင်္ကျ ီအဖြူ ဘောင်းဘီ အနက်နဲ့ ဖြူဖြူက အရမ်းကို Smart ကျကျလှပနေပါ တယ်။ အညိုစင်လေးနဲ့ ဖြူဖြူ့ရဲ့အလှတွေကို ပရိတ်သတ်ကြီး မြင်တွေ့နိုင်အောင် တင်ပြပေး လိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။