နယူးယောက်မြို့ပြတိုက်မှာ ထားရှိထားတဲ့ အဆိုပါရွှေအိမ်သာကို မကြာခင် အများပြည်သူအသုံးပြုခွင့်ရတော့မယ်လို့သိရပါတယ်။ အိမ်သာကို အီတလီမှ ပညာရှင်တစ်ယောက်ကနေ ရေစဆွဲဖန်တီးခဲ့ပြီး ရွှေအစစ် ၁၈ကာရက်အသုံးပြုထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နယူးယောက်မြို့ Guggenheim's အဆောက်အအုံမှာ တည်ရှိပြီး အိမ်သာကိုအသုံးပြုဖို့အတွက် ဝင်ကြေး ၁၅ဒေါ်လာ ပေးသွင်းရတယ်လို့ ဆိုပါတယ်။ ပြတိုက်ဝန်ထမ်းနဲ့ ကလေးတွေအတွက်တော့ အခမဲ့လို့သိရပါတယ်။

Guggenheim's အဆောက်အအုံ

အိမ်သာသန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းတွေဟာ အထူးဂရုစိုက်ရပြီး ဓာတုပစ္စည်းအများအပြားမပါဝင်တဲ့ ဆေးရည်တွေကို အသုံးပြုရတယ်လို့ သိရပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ အိမ်သာမှာ အညစ်အကြေးစွန့်ရတဲ့အရသာက ဘာ်လိုနေမလဲ၊ သုံးဖူးမှ သိမှာပေါ့နော်။

Source : asiantown.net

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။